၂၇ ဩဂုတ် ၂၀၂၅ - ၂၁:၁၉
အီရန်နိုင်ငံစစ်သာန်နှင့်ဗလူချီစတန်မှာအကြမ်းဖက်သမားတွေကို နှိမ်နင်းသည့်စစ်ဆင်ရေးပြုလုပ်ခဲ့ ၊  အကြမ်း ဖက်သမား ၁၃ဦး သုတ်သင်ခံရ ၊ အများအပြားအားဖမ်းဆီးခံရ

IRGC (ခ) အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် နှင့် လုံခြုံရေးအေဂျင်စီများ ပူးပေါင်း ၍ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ စစ်သာန် နှင့် ဗလူချီစတန် ပြည်နယ် တွင် ပြုလုပ်သည့် စစ်ဆင်ရေး အတွင်း အကြမ်း ဖက်သမား ၁၃ ဦး သုတ်သင်ခဲ့ပြီး အများအပြား ဖမ်းဆီးခံခဲ့နိုင်ကြောင်းသိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ IRGC (ခ) အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်  နှင့် လုံခြုံ ရေး အေဂျင်စီများ ပူးပေါင်း ၍ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ စစ်သာန် နှင့် ဗလူချီစတန် ပြည်နယ် ရှိ မြို့အသီးသီးတွင် ပူးတွဲစစ်ဆင်ရေးသုံးကြိမ်ဆောင်ရွက်စဉ် ကြီးမားသောအောင်မြင်မှုရရှိခဲ့ကြောင်း ကြေညာ ခဲ့ပါတယ်။

အသေးစိတ်အချက်အလက်များအရ၊ စစ်ဆင်ရေးအတွင်း အကြမ်းဖက်သမား ၁၃ ဦး သေဆုံးခဲ့ပြီး အခြား အများ အပြားကို ဖမ်းဆီးထားကြောင်း ကွတ်ဒ်စ် ဌာနချုပ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထား ပါတယ်။

ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ အဆိုပါ စစ်ဆင်ရေးများကို အီရန်ရှာဟ် ၊ ခါရှ်  နှင့် စရာဝါန် မြို့များ တွင် ဗုဒ္ဓဟူး နေ့ နံနက်ပိုင်းက အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် ၏  စစ်သားများနှင့် အမည်မဖော်လို ကြသည့် အေမာမ် ဇမာန်း (အ.ဂျ) ၏ စစ်သားများ ပါဝင်ကြောင်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha