၂၆ ဩဂုတ် ၂၀၂၅ - ၂၂:၁၈
လက်ဘနွန် တောင်ပိုင်းမှာ အစ္စရေး၏ စစ်ရာဇ၀တ်မှုများ ကို စုံစမ်း စစ်ဆေးဖို့ အမ်နက်စတီ အင်တာနရှင်နယ် က တောင်းဆို

လက်ဘနွန်တောင်ပိုင်းတွင် ဇီယွန်ဝါဒီအစိုးရ ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများနှင့်ပတ်သက်၍ အမ်နက်စတီ အင်တာနရှင်နယ် (ခ) နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီး က စုံစမ်းစစ်ဆေးရန် တောင်းဆိုထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ အင်တာနရှင်နယ် (ခ) နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီး သည် လက်ဘနွန်တောင်ပိုင်းရှိ အစ္စရေးစစ်တပ်၏ လုပ်ရပ်များကို စစ်ရာဇ၀တ်မှုအဖြစ် ရှုမြင်ပြီး ၎င်းတို့အား ချက်ချင်းစုံစမ်းစစ်ဆေးရန် တောင်းဆိုထားပါတယ်။

ဤအဖွဲ့အစည်း၏အဆိုအရ လက်ဘနွန်တောင်ပိုင်းရှိ အစ္စရေးစစ်တပ်၏ ကျယ်ပြန့်ပြီး တမင်တကာ ဖျက်ဆီးမှု သည် စစ်ရာဇ၀တ်မှုအမျိုးအစားအောက်တွင် ရှိကြောင်း ဖြစ်ပါတယ်။

အစ္စရေးစစ်တပ်သည် လက်ဘနွန်တောင်ပိုင်းရှိ နေရာအများအပြားကို သိမ်းပိုက်ထားရုံသာမက နေ့စဉ်နေ့တိုင်း ပြင်းထန် သောတိုက်ခိုက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ အထူးသဖြင့် ဒရုန်းများဖြင့် တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေသည်ဟု အဆိုပါအဖွဲ့အစည်းက ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha