အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အာယသ်သေ ဖစ်သ်ရသ် (آية الفطرة) ဆိုသည်မှာ (စူရဟ်ရွမ်းမ် ၊ အာယသ်တော် အမှတ် ၃၀ ) လူသားတို့ အပေါ် ဘာသာတရား (ကိုယ်တိုင်) ၏ ဆွဲဆောင်မှုကိုသဘာဝ ဖြစ်ခြင်း ကို ခေါ်ဆိုပါသတယ်။ သဖ်စီးရ်ပညာရှင်များ ၏ အဆိုအရ ဤအာယသ်တော် အရ အစ္စလာမ် သာသနာ တော်၏ ဥပဒေများ ကိုအလ္လာဟ်ဟိုအရှင်မြတ်သည် လူ့သဘောသဘာဝအရပြဆိုထားခြင်း ဖြစ်ပါတယ်။
မဂျ်မအိုလ်ဗရန်းန် ကျမ်း တွင် «حَنیفاً» ဟူသော စကားလုံးသည် ဘာသာတရား၌ တည်ကြည်မှုကို ဆိုလိုကြောင်း ဖော်ပြထားပါသည်။ သို့သော် အလာမဟ် ဆရက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် သွဗာသွဗာရီ အနေဖြင့် ဘာသာတရား၌ အလယ်အလတ် လမ်းစဥ် ဟု ဆိုထားပါတယ်။
ဟဒီးစ်တော် များ တွင် သောင်ဟီးဒ် (တစ်ဆူတည်းဝါဒအား) သဘာဝတရား၏ စံနမူနာတစ်ခုအဖြစ် ယူဆကြ ပြီး အချို့သော ဟဒီးစ်တော် များတွင် အလ္လာဟ်ဟို အရှင်မြတ် ကို သိရှိ နားလည်ခြင်း ၊ အစ္စလာမ် နှင့် ဝေလာယသ် ကဲ့သို့သော ဥပမာများကို သဘာဝတရား၏ သာဓကအဖြစ် မိတ်ဆက်ပေးထားပါတယ်။
အလာ မဟ် ဆရက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် သွဗာသွဗာရီ နှင့် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒ် အာမိုလီ အနေဖြင့် အာယသ်သေ ဖစ်သ်ရသ် သက်သေပြုပြီး လူသားအားလုံးအတွက် လမ်းညွှန်မှု လမ်းကြောင်း သည် တစ်ခု တည်း ဖြစ်ကြောင်း ဆိုထားပါတယ်။
အာယသ်သေ ဖစ်သ်ရသ် ၏ စာသား နှင့် အဓိပ္ပာယ်
အာယသ်သေ ဖစ်သ်ရသ် သည် စူရဟ်ရွမ်းမ် ၏ အာယသ်တော် အမှတ် ၃၀ ဖြစ်ပါသည်။ ၎င်းအာယသ်တော် တွင် ဖော်ပြထားသည်မှာ -
فَأَقِمْ وَجْهَكَ لِلدِّينِ حَنِيفًا فِطْرَةَ اللَّهِ الَّتِي فَطَرَ النَّاسَ عَلَيْهَا لَا تَبْدِيلَ لِخَلْقِ اللَّهِ ذَلِكَ الدِّينُ الْقَيِّمُ وَلَكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ .
« သို့ဖြစ်ရာ အသင်သည် မိမိမျက်နှာ အားသာသနာ ဘက်သို့ ထားပါလေ။ လမ်းမှားကို ရှောင်ကြဥ်ပါ ။ ဤသာသနာသည်အလ္လာဟ် ဟို အရှင်မြတ် ဖန်ဆင်းထားသည့် သဘာဝ အတိုင်း ဖြစ်ပါသည်။ ထိုသဘာဝ အတိုင်း အလ္လာဟ် ဟိုအရှင်မြတ်သည် လူသားများ ဖန်ဆင်းတော် မူခဲ့ပါသည်။ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းမှုတွင် မည်သည့် ပြောင်းလဲမှုမျှမရှိပေ။ ဧကန်မုချ ဤသည် ဖြောင့်မတ်မှန်ကန်သော သာသနာဖြစ်ပါ သည်။ သို့ရာတွင် လူသား အများစုသည် ဤအကြောင်း နှင့်ပတ်သက်၍ မသိနားမလည်ကြချေ။ »
အလ္လာဟ်၏သာသနာတော် ကို အပြည့်အဝ အာရုံစိုက်ခြင်း
အလာ မဟ် ဆရက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် သွဗာသွဗာရီ ၏ အဆိုအရ အာယသ်သေ ဖစ်သ်ရသ် သည် မိမိ၏ရှေံ ရှိ အာယသ်တော် များ မှရရှိသောရလဒ်ကိုဖော်ပြခြင်းဖြစ်ပါသည်။ အလာ မဟ် ဆရက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် သွဗာသွဗာရီ အနေဖြင့် ရေးသားထားသည် မှာ - အလျင် အာယသ်တော်များတွက် အလ္လာဟ် ဟို အရှင်မြတ်သည် ကေယာမသ် အကြောင်း ၊ လူသားများ ပြန်လည် ထမြောက် ရခြင်း ၊ အာခေရသ် (ခ)နောင်တမလွန် ဘဝတွင် အလ္လာဟ် ဟို အရှင်မြတ် မှ စာရင်းအင်း ယူမည့် အကြောင်း ကို သက်သေ ထူထား ပါတယ်။
ဤအာယသ်တော် တွင် ဤအရာအားလုံးသည် မှန်ကန်ကြောင်း သက်သေပြသောအခါ အနှစ်ချုပ် သည်ကာ အလ္လာဟ် ဟို အရှင်မြတ် အား ခဝပ်ကိုးကွယ်ခြင်း မပြု ခြင်း ကို ရှောင်ကြဥ်ရပါမည်။ ပြီးနောက် အလ္လာဟ်ဟို အရှင်မြတ် ပို့ထားသည့် သာသနာတစ်ခုကိုသာလျှင် လိုက်နာ ကျင့်သုံးရမည် ဖြစ်ပါသည်။ အကြောင်း မှာ ရှိသမျှ သာသနာ ၊ ဘာသာ များတွင် အလ္လာဟ်ဟိုအရှင်မြတ် ပို့ထားတော်မူသည့် သာသနာ (အစ္စလာမ်) သာလျင် မနုဿလူသားတို့၏ ဖန်ဆင်းခံရမှု နှင့် ဖန်ဆင်းခံရခြင်း ဒဿန နှင့် အညီ ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။ [1]
သဖ်စီးရ် နူးရ် ကျမ်းတွင် လာရှိသည်မှာ အာယသ်တော် ကို သုံးသပ်ခြင်း ဖြင့် လူသားသည် သဘာဝအားဖြင့် ဘာသာရေးနှင့် အမှန်တရားကို မျက်နှာသာပေးသည်ဟု ဆိုထားပါသည်။ ပြီးနောက် အလ္လာဟ် ဟိုအရှင်မြတ် သည် အမှန်တရား သိရှိနားလည် ခြင်း နှင့် အမှန်တရား ကို မြတ်နိုးခြင်း (အမှန်တရားဝါဒ ) ကို မနုဿလူသား အား အပ်နှင်းထားသည်ဟု ဖော်ပြထားတယ်။
« ဟနီဖန် » စကားလုံး ၏ ဆိုလိုသည့် အဓိပ္ပာယ်
သဖ်စီးရ် အာလင်မ် ကြီးများ မှ တစ်ပါး သွဗ်ရေစီ မှ မဂျ်မအိုလ်ဗရန်းန် ကျမ်း တွင် « ဟနီဖန် » ၏ အဓိပ္ပာယ် ကို ကြံ့ခံခြင်း နှင့် တည်ငြိမ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပြီးဆိုလိုသည်မှာ သာသနာ အပေါ်ကြံ့ကြံ့ခံ ရပ်တည် ခြင်း တစ်နည်း အားဖြင့် ဤသာသနာတော်မှ တိမ်းရှောင်ခြင်း မပြုဘဲ အခြား သာသနာများကို စိတ်မဝင်စား ခြင်း ဖြစ်ပါတယ်။
သို့သော် အလာ မဟ် ဆရက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် သွဗာသွဗာရီ ၏ ယုံကြည်ချက်အရ ဤစကားလုံးသည် ဘာသာတရား တည်ဆောက်ခြင်းကို ဖော်ပြခြင်း ဖြစ်ပြီး ဤ စကားလုံး ၏ အဘိဓာန် အဓိပ္ပာယ် ဖွင့်ဆိုချက် အရ ဘာသာ သာသနာတွင် အလယ်အလတ် ရှိခြင်းဆိုလို ခြင်းဖြစ်ပါတယ်။
ဖစ်သ်ရသ် စကားလုံး ၏သဖ်စီးရ်
မဂျ်မအိုလ်ဗရန်းန် ကျမ်း အဆိုအရ ဖစ်သ်ရသ် စကားလုံး ၏ ဆိုလိုချက်မှာ သောင်ဟီးဒ် (တစ်ဆူတည်း ဝါဒ) နှင့် အစ္စလာမ်ဘာသာကို ရည်ညွှန်းပြီး ၎င်းတို့ကို အခြေခံ၍ မနုသာလူသားကို ဖန်ဆင်းထားကြောင်း ဖြစ်ပါသည်။ မဂျ်မအိုလ်ဗရန်းန် ကျမ်း ရှင်မှ တမန်တော်မြတ် (ဆွ) ၏ ဟဒီးစ်တော် တစ်ပါး အား သက်သေပြု၍ ပြောကြားသည်မှာ - လူတိုင်းသည် ဖေသ်ရသ် အတိုင်း မွေးဖွားလာကြပြီး ၎င်းတို့၏ မိဘ များမှ ၎င်းတို့အား ရဟူဒီ (ဂျူး) သို့မဟုတ် ခရစ်ယာန် သို့မဟုတ် ဇိုရိုအော့စထရီယန် ဖြစ်ခဲ့ကြကြောင်း ဖြစ် ပါသည်။ [5]
ရှီအဟ် ရီဝါယသ်တော်များတွင် အများအားဖြင့် ဖစ်သ်ရသ် စကားလုံး ၏ ဆိုလိုချက်မှာ သောင်ဟီးဒ် (တစ်ဆူ တည်း ဝါဒ) ဖြစ်ကြောင်း ဖော်ပြထားကြပါတယ်။အချို့သော ဟဒီးစ်တော် များတွင် အလ္လာဟ်ဟို အရှင်မြတ် ကို သိရှိ နားလည်ခြင်း ၊ အစ္စလာမ် နှင့် ဝေလာယသ် ကဲ့သို့သော ဥပမာများကို ဖစ်သ်ရသ် စကားလုံး ၏ (သဘာ ဝတရား၏ ) သာဓကအဖြစ် မိတ်ဆက်ပေးထားပါတယ်။
ဇိုရာရဟ် အနေဖြင့် အေမာမ် ဘာကဲရ် (အ.စ) ထံတော် မှဆင့်ပြန်ထားသည်မှာ «فِطْرَتَ اللَّهِ الَّتِي فَطَرَ النَّاسَ عَلَيْها» « ဤဖစ်သ်ရသ် (သဘာဝ) အရ အလ္လာဟ်ဟို အရှင်မြတ်သည် မနုဿာလူသားများ အား ဖန်ဆင်းတော် မူခဲ့ပါတယ်။ » ၏ဆိုလိုချက်မှာ အလ္လဟ်ဟို အရှင်မြတ်သည် မနုဿလူသားများကို မိမိအားသိရှိနားလည်ရန် အသိပေး၍ ဖန်ဆင်း ခဲ့ကြောင်း အကယ်၍ ဤကဲ့သို့ မဟုတ်ပါက မနုဿလူသား အနေဖြင့် မိမိအား ဖန်ဆင်းရှင် နှင့် ရိက္ခာပေးသည့် အရှင်အားသိရှိ နားလည် နိုင် မည် မဟုတ် ကြောင်း ဆိုထားပါတယ်။ မိုနာကစ်ဗ် အစ်ဗ်နေ ရှဟ်ရေ အာရူဗ် ကျမ်းတွင်လည်း အေမာမ် ရေဇာ (အ.စ) ထံ မှ ဟဒီးစ်တော် တစ်ပါးအား ဆင့်ပြန် တင်ပြထားပြီး ၎င်း ဟဒီးစ် တော် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မှ မိန့်တော် မူထားသည်မှာ အဆိုပါ စကားစု «فِطْرَتَ اللَّهِ الَّتِي فَطَرَ النَّاسَ عَلَيْها» ဆိုလိုသည် အဓိပ္ပာယ်မှာ သောင်ဟီးဒ် (တစ်ဆူတည်း ဝါဒ) ၊ ဟဇရသ် မိုဟမ္မဒ် (ဆွ) ၏ရေစာလသ်နှင့် အေမာမ် အလီ (အ.စ) ၏ ဝေလာယသ် ဖြစ်ကြောင်း ဆိုထား ပါ တယ်။
ဟေဒါယသ် အတွက် တစ်ခုတည်းသောလမ်း
အလာ မဟ် ဆရက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် သွဗာသွဗာရီ နှင့် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒ် အာမိုလီ အနေဖြင့် «فِطْرَتَ اللَّهِ الَّتِي فَطَرَ النَّاسَ عَلَيْها» « ဤဖစ်သ်ရသ် (သဘာဝ) အရ အလ္လာဟ်ဟို အရှင်မြတ်သည် မနုဿာလူသားများ အား ဖန်ဆင်းတော် မူခဲ့ပါသည်။ » ဟူသော စကားစုမှ အနှစ်ချုပ်မှာ လူသားတို့၏ ကံကောင်း ပျော်ရွှင်မှု အတွက် နည်းလမ်း မှာ တစ်ခုသာ ဖြစ်ကြောင်း ဆိုထားကြပါ တယ်။ ၎င်း တို့၏ယုံကြည်ချက် နှင့် ဤအသုံးအနှုန်းအရ မနုဿ လူသားတွင် အထူးသဘာ၀ ရှိပါသည်။ ဆိုလိုသည်မှာ ဇာတိပကတိဖြစ်ပြီး ဖန်ဆင်းခြင်းအတွက် ရည်ရွယ်ထားသော ပန်းတိုင်သို့ရောက်ရန် သတ်မှတ်ထားသော လမ်းကြောင်းဆီသို့ လမ်းညွှန်ပေးကြောင်း ဖြစ်ပါ တယ်။
ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ် တော်များ အရ အခြားသော သတ္တဝါများသည် ၎င်းတို့အား ဖန်ဆင်းခြင်းဆိုင်ရာ ရည်ရွယ်ချက်အတွက် လမ်းညွှန်ထားတယ်။ «رَبُّنَا الَّذِي أَعْطى كُلَّ شَيْءٍ خَلْقَهُ ثُمَّ هَدى» ဖြစ်ပါသည်။ « ကျွန်ုပ်တို့ မွေးမြူဖန်ဆင်းတော် မူသည့် အရှင် (အလ္လာဟ်ဟို အရှင်မြတ်သည်) အရာရာ တိုင်းကို ၎င်း နှင့် သင့်တော် သည့် အတိုင်း ဖန်ဆင်းတော် မူပြီး ၎င်းကို လမ်းမှန် ညွှန်ပေးတော် မူသည့် အရှင်လည်း ဖြစ်ပါတယ်။ »
တစ်ဖက်တွင်မူ လူသားအားလုံးသည် တစ်မျိုးတည်းနှင့် တူညီသော ယေဘူယျလက္ခဏာများ ရှိသည်ဟု ယူဆပါက ၎င်းတို့၏ ကံကောင်း ပျော်ရွှင်မှုအတွက် နည်းလမ်းတစ်ခု မှ အပ အခြား နည်းလမ်း မရှိတော့ ချေ။
ကျမ်းကိုးများ
- قرآن کریم، ترجمه محمدمهدی فولادوند.
- ابن شهرآشوب مازندرانی، محمد بن علی، مناقب آل ابیطالب، قم، علامه، چاپ اول، ۱۳۷۹ق
- بحرانی، سیدهاشم، البرهان فی تفسیر القرآن،تهران بنیاد بعثت، چاپ اول، ۱۴۱۶ق،
- جوادی آملی، عبدالله، تفسیر موضوعی قرآن کریم: فطرت در قرآن، قم، اسراء، چاپ هفتم، ۱۳۹۲ش.
- صدوق، محمد بن علی، توحید، قم، تحقیق هاشم حسینی، جامعه مدرسین، چاپ اول، ۱۳۹۸ق
- طباطبایی، محمدحسین، المیزان فی تفسیر القرآن، قم، دفتر انتشارات اسلامی، چاپ پنجم، ۱۴۱۷ق.
- طبرسی، فضل بن حسن، مجمع البیان فی تفسیر القرآن، تهران، ناصر خسرو، چاپ سوم، ۱۳۷۲ش.
++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment