၁၇ နိုဝင်ဘာ ၂၀၂၅ - ၂၃:၄၁
ကျမ်းတော်မြတ် ကုရ်အာန် အား အစောင် အစောင် အဖြစ် ပြုလုပ်သည့် သမိုင်း

ကျမ်းတော်မြတ် ကုရ်အာန် အား အစောင် အစောင် အဖြစ် ပြုလုပ်သည့် သမိုင်းဆို သည်မှာ ကျမ်းတော်မြတ်ကုရ်အာန်ကို ပိုင်း ခြား ရန် စံသတ်မှတ် ချက်များထဲမှ တစ်ခုဖြစ်ပါ တယ်။ အစောင် တစ်ခုစီ သည် ကျမ်းမြတ်ကုရ်အာန်၏ အပုံ သုံးဆယ်ပုံ တစ်ပုံ နှင့် ညီမျှပြီး အွတ်စ်မန်သွာဟာ လက်ရေးမှု အရ စာမျက်နှာ နှစ်ဆယ်ခန့် ရှိပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကျမ်းတော်မြတ် ကုရ်အာန် အား အစောင် အစောင် အဖြစ် ပြုလုပ်သည့် သမိုင်းဆို သည်မှာ ကျမ်းတော်မြတ်ကုရ်အာန်ကို ပိုင်း ခြား ရန် စံသတ်မှတ် ချက်များထဲမှ တစ်ခုဖြစ်ပါ   တယ်။ အစောင် တစ်ခုစီသည် ကျမ်းမြတ်ကုရ်အာန်၏ အပုံ သုံးဆယ်ပုံ တစ်ပုံ  နှင့် ညီမျှပြီး  အွတ်စ်မန်သွာဟာ  လက်ရေးမှု အရ စာမျက်နှာ နှစ်ဆယ်ခန့် ရှိပါ တယ်။ အစောင် တိုင်း တွင် (အရဘီ: حزب) ခေါ် အပုံ (လေးပုံတစ်ပုံ) လေးခုခွဲထားပါသည်။ အစောင်၃၀ သည် စူရဟ်ပေါင်း ၃၇ စူရဟ် ပါ ရှိပြီး စူရဟ်အရေအတွက် အများဆုံး အစောင် ဖြစ်ပါ တယ်။  အချို့သောယဉ်ကျေးမှုများတွင် ကုရ်အာန် အစောင်များ ကို ထိုအစောင် ၏ နံပါတ်အမည် ဖြင့် သို့မဟုတ် အစောင် ၏ အစစာလုံးအမည်ဖြင့် ခေါ်ဆို ကြပါ တယ်။

ဆိုလိုချက်ကိုနားလည်ခြင်းဆိုင်ရာဗေဒ ကို အနည်းငယ်သုံးသပ် ကြည့်မည် ဆိုလျှင်

"အစောင် " သည် ကုရ်အာန်ကျမ်းအား ပိုင်းခြားသတ်မှတ်ချက်များမှ တစ်ခုဖြစ်သည်။ မွတ်စလင်မ် များသည် ကုရ်အာန်ကို အစောင် သုံးဆယ်၊ ဆိုလိုသည်မှာ အပိုင်းသုံးဆယ် ပိုင်းခြားထားပါ တယ်။ အချို့ သောယဉ်ကျေးမှုများတွင် ကုရ်အာန်အစောင် များကို ထိုအစောင် ၏နံပါတ်အမည်ဖြင့် သို့မဟုတ် အစောင် ၏အစ၊ စကားလုံး၏အမည်ဖြင့် ခေါ်ဆိုကြပါသည်။ ပမာအားဖြင့်၊ "အန်မဂျွဇ် (အန်မအစောင်) " ဆိုသည်မှာ " عَمَّ يَتَسَاءَلُونَ " ဖြင့် အစပြုသော အစောင် သုံးဆယ်ကို ဆိုလိုပါ တယ်။ အစောင် တစ်စီတွင် အပုံ (လေးပုံတစ်ပုံ) လေးခု ပါရှိပြီး အွတ်စ်မန်သွာဟာ  လက်ရေးမှု အရ စာမျက်နှာနှစ်ဆယ်ရှိပါ တယ်။

ကုရ်အာန်အားအစောင် ပြုသည့် သမိုင်းကိုလေ့လာကြည့်မည်ဆိုလျှင်

ကုရ်အာန်ကို အစောင် အဖြစ် ပိုင်းခြားခြင်း၏ နိယာမသည် ကုရ်အာန်အား လတိုင်းတွင် သေလာဝသ်ပြုရန် မိန့်ကြားထားသည့်  တမန်တော်မြတ် (ဆွ)၏ ရီဝါယသ် မှ ဆင်းသက်လာသည်ဟု အချို့က ယုံကြည်ကြပါ  တယ်။ သို့ရာတွင် ကုရ်အာန်ကို အစောင် သုံးဆယ်ပိုင်းခွဲ၍ စတင်သည့်နေ့စွဲ နှင့် ပတ်သက်၍ ကွဲပြားသော သဘောထားများ ရှိကြပါ တယ်။ ဤအစောင် ခွဲခြားမှုအား ဟဂျဂျ်ဘင်န် ယူစွဖ်စကဖီ (ဟီဂျရီ ၉၅ ခုနှစ် ကွယ်လွန်) ၏အချိန်၌ စတင်ခဲ့ခြင်းဖြစ်ကြောင်း အကြောင်းမှာ  လမြတ် ရမ်တွာန်၏ နေ့တိုင်း တွင် တစ်စောင် သေလာဝသ် ပြုဆိုနိုင်စေရန်အတွက် ဖြစ်သည်ဟု ဆိုပါ တယ်။ ကုရ်အာန်ကို ဤနည်းဖြင့် (အစောင်အဖြစ်) ခွဲဝေရန် မာမူန်နေ အဘာစ်စီ (ဟီဂျရီ သက္ကရာဇ် ၁၉၈ခုနှစ် မှ ၂၁၈ ခုနှစ် အထိ အုပ်ချုပ် ) မှ အမိန့်ပေးခဲ့သည်ဟု အချို့က ဆိုကြပါ တယ်။ ရှစ်ရာစု၏ သဖ်စီးရ် ပညာရှင် တစ်ဦးဖြစ်သည့်ဇရ်ကရှီ သည် ကျမ်းမြတ် ကုရ်အာန်ကို ဘာသာရေးကျောင်းများမှ အစောင်သုံးဆယ် ပိုင်းခွဲခြင်းအလေ့အကျင့်ကို ပြုခဲ့ သည်ဟု ဆိုထား ပါ တယ်။

အစောင်လိုက်သေလာဝသ် ပြုခြင်း ကိုလေ့လာမည်ဆိုလျှင်

အီရန် နိုင်ငံ နှင့် အခြားအစ္စလာမ်မစ် နိုင်ငံအချို့တွင် မွတ်စလင်မ် များသည် လမြတ် ရမ်တွာန် တွင်  ကျမ်းတော်မြတ် ကုရ်အာန် အားအစအဆုံး (ခသမ်သိမ်း) သေလာဝသ် ပြုကြပါ တယ်။  ထို့ကြောင့် ကုရ်အာန် ကျမ်းတော်မြတ်၏ တစ်စောင် တစ်စောင် ကို  နေ့တိုင်းသေလာဝသ် ပြု ကြပြီး ဤဓလေ့ကို ဂျွဇ်ခွာနီ ( အစောင်လိုက် သေလာဝသ်ပြုခြင်း) ဟုခေါ်ဆိုပါ တယ်။  အီရန် ရုပ်မြင် သံကြား မှ ရောင်ဇာတော် များတွင် နေ့စဥ် ကျမ်းတော် မြတ် ကုရ်အာန် တစ်စောင်  သေလာဝသ် ပြုခြင်း အချို့ကို တိုက်ရိုက် ထုတ်လွှင့်ပါ တယ်။

အီရန် နိုင်ငံ ကဲ့သို့သော အစ္စလာမ့်နိုင်ငံအချို့တွင် ကုရ်အာန်၏ အစောင် များကိုလည်း တိုက်ရိုက် ပုံနှိပ်ထားကြပါ တယ်။  ဤကုရ်အာန်ကျမ်းများကို အစောင် သုံးဆယ် အဖြစ် ပြုလုပ်ထားပြီး မရ်ဟွန် အတွက် ကုရ်အာန်ခွာနီ  အစီအစဥ် များ တွင် အသုံးပြုကြပါ တယ်။  သို့သော် ဆယက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် တီဟီရန် နီ (ကွယ်လွန် - ဟီဂျရီ သက္ကရာဇ် ၁၄၁၆ခုနှစ် ) သည် မရ်ဟွန်မ် အတွက် ပြုလုပ်သည့် ကုရ်အာန်ခွာနီ တွင် ကုရ်အာန် အစောင်များ ပေးကမ်း၍ သေလာဝသ်ပြုခြင်း ကို ဆန့်ကျင်ခဲ့ပါ တယ်။ ယဇီးဒ်ဘင်န်မိုအာဝေယဟ် လက်ထက်မှ  ဤ အစောင်ကမ်း၍ သေလာဝသ် ပြုသည့် နည်းလမ်းသည်  ပျံ့နှံ့ခဲ့ခြင်းဖြစ်၍  အစအဆုံး ပါ ကျမ်းတော်မြတ် ကုရ်အာန် အား မရ်ဟွန်မ် အတွက် ပြုလုပ်သည့် ကုရ်အာန်ခွာနီ တွင် အသုံးပြုရမည်ဟု ဆယက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် တီဟီရန် ယုံကြည်ထားပါ တယ်။

ကျမ်းတော်မြတ် ကုရ်အာန် ၏ အစောင်များ စာရင်း များ ပါ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အစောင် ၁  စူရဟ် ဖွာသေဟဟ် ၏အာယသ်တော် အမှတ် ၁ «بسم الله...»  ၊ စူရဟ် ဖွာသေဟဟ်၊ စူရဟ် ဘကရဟ် အာယသ်နံပါတ် ၁၄၁ အထိ

အစောင် ၂  စူရဟ်ဘကရဟ် ၏အာယသ်တော် အမှတ် ၁၄၂  «سیقول السفهاء...» ၊ စူရဟ် ဘကရဟ် အာယသ်နံပါတ် ၁၄၂ မှ ၂၅၃ အထိ

အစောင် ၃  စူရဟ်ဘကရဟ် ၏အာယသ်တော် အမှတ် ၂၃  «تلک الرسل...»  ၊ စူရဟ် ဘကရဟ် အာယသ်နံပါတ် ၂၅၃ မှ အဆုံး အထိ ၊စူရဟ်အာလေအင်န်မရာန် အာယသ် နံပါတ် ၉၂ အထိ

အစောင် ၄ ၊ စူရဟ်အာလေအင်န်မရာန် ၏အာယသ်တော် အမှတ်၉၃  «کل الطعام...» ၊ စူရဟ်အာ လေအင်န်မရာန်  အာယသ်နံပါတ်၉၃  မှ အဆုံး အထိ  ၊စူရဟ်နေစာ အာယသ် နံပါတ် ၂၃ အထိ

အစောင် ၅ ၊ စူရဟ် နေစာ ၏အာယသ်တော် အမှတ် ၂၄  «و المحصنات...» ၊ စူရဟ်နေစာ အာယသ် နံပါတ် ၂၄ မှ ၁၄၈ အထိ

အစောင် ၆ ၊ စူရဟ် နေစာ ၏အာယသ်တော် အမှတ် ၁၄၈ «لا یحب الله...»  ၊ စူရဟ်နေစာ အာယသ် နံပါတ် ၁၄၈ မှ အဆုံး အထိ  ၊ စူရဟ် မာအေဒဟ် အာယသ် နံပါတ်  ၈၁ အထိ

အစောင်၇ ၊ စူရဟ် မာအေဒဟ် ၏အာယသ်တော် အမှတ် ၈၂  «لتجدن...» ၊ စူရဟ် မာအေဒဟ် အာယသ် နံပါတ် ၈၂ မှ အဆုံး အထိ  ၊ စူရဟ် အန်နအာမ် အာယသ် နံပါတ်  ၁၁၁ အထိ

အစောင် ၈ ၊ စူရဟ် အန်နအာမ် ၏အာယသ်တော် အမှတ် ၁၁၂  «و لو أننا نزلنا...» ၊ စူရဟ် မာအေဒဟ် အာယသ် နံပါတ် ၁၁၂ မှ အဆုံး အထိ  ၊ စူရဟ် အအ်ရာဖ် အာယသ် နံပါတ် ၈၈ အထိ

အစောင် ၉ ၊ စူရဟ် အအ်ရာဖ် ၏အာယသ်တော် အမှတ် ၈၉  «قال الملأ...» ၊ စူရဟ် အအ်ရာဖ် အာယသ် နံပါတ် ၉၀ မှ အဆုံး အထိ  ၊ စူရဟ် အန်ဖါလ် အာယသ် နံပါတ် ၄၀ အထိ

အစောင် ၁၀ ၊ စူရဟ် အအ်ရာဖ် ၏အာယသ်တော် အမှတ် ၄၁  «و اعلموا...» ၊ စူရဟ် အန်ဖါလ် အာယသ် နံပါတ် ၄၁ မှ အဆုံး အထိ  ၊ စူရဟ် သောင်ဗဟ် အာယသ် နံပါတ် ၉၂ အထိ

အစောင် ၁၁ ၊ စူရဟ် သောင်ဗဟ်  ၏အာယသ်တော် အမှတ် ၉၃  «إنما السبیل...» ၊ စူရဟ် သောင်ဗဟ် အာယသ် နံပါတ်  ၉၃ မှ အဆုံး အထိ  ၊ စူရဟ် ယူနွစ်  ။ စူရဟ် ဟူဒ်   အာယသ် နံပါတ် ၅ အထိ

အစောင် ၁၂ ၊ စူရဟ် ဟူဒ်  ၏အာယသ်တော် အမှတ် ၆  «و ما من دابة...»၊ စူရဟ် ဟူဒ် အာယသ် နံပါတ်  ၆ မှ အဆုံး အထိ  ၊ စူရဟ် ယူစွဖ် အာယသ် နံပါတ် ၅၃ အထိ

အစောင် ၁၃ ၊ စူရဟ် ယူစွဖ်  ၏အာယသ်တော် အမှတ်  ၅၄ «و ما أبرئ...» ၊ စူရဟ် ယူစွဖ် အာယသ် နံပါတ်  ၅၄ မှ အဆုံး အထိ  ၊ စူရဟ် ရအ်ဒ် ၊ စူရဟ်အီဗရာဟီးမ် 

အစောင် ၁၄ ၊ စူရဟ် ဟစ်ဂျ်ရ်  ၏အာယသ်တော် အမှတ် ၁  «الر...»  ၊ စူရဟ် ဟစ်ဂျ်ရ် ၊ စူရဟ်နဲဟ်လ် 

အစောင် ၁၅ ၊ စူရဟ် အစ်ရာအ် ၏အာယသ်တော် အမှတ်  ၁ «سبحان الذی...»  ၊ စူရဟ် အစ်ရာအ် ၊ စူရဟ်  ကဟ်ဖ် အာယသ်တော်  နံပါတ် ၇၄ အထိ

အစောင် ၁၆ ၊ စူရဟ် ကဟ်ဖ်  ၏အာယသ်တော် အမှတ်  ၇၅ «قال ألم...» ၊ စူရဟ်  ကဟ်ဖ် ။စူရဟ်မဲရ်ယန်းမ် ။ စူရဟ် သွာဟာ

အစောင် ၁၇၊ စူရဟ် အန်ဘီယာအ်   ၏အာယသ်တော် အမှတ်  ၁  «اقترب للناس...» ၊ စူရဟ်  အန်ဘီယာအ် ။ စူရဟ် ဟဂျ်

အစောင် ၁၈ ၊ စူရဟ် မိုအ်မေနူးန်   ၏အာယသ်တော် အမှတ်  ၁  «قد أفلح...» ၊ စူရဟ်  မိုအ်မေနူးန် ။ စူရဟ် နူးရ်။  စူရဟ် ဖိုရ်ကာန် အာယသ်တော် နံပါတ် ၂၀အထိ

အစောင် ၁၉ ၊ စူရဟ် ဖိုရ်ကာန်   ၏အာယသ်တော် အမှတ်  ၂၁ «و قال الذين...»  ၊ စူရဟ် ဖိုရ်ကာန် အာယသ်တော် နံပါတ် ၂၁ မှ အဆုံး အထိ ။ စူရဟ် ရှိုအရာအ် ။ စူရဟ် နမဲလ် အာယသ်တော် နံပါတ် ၅၅ အထိ

အစောင် ၂၀  ၊ စူရဟ် နမဲလ် ၏အာယသ်တော် အမှတ်  ၅၆ «فما کان...» ၊ စူရဟ် နမဲလ် ။ စူရဟ် ကဆဆ် ။ စူရဟ် အန်ကဘူသ် အာယသ်တော် နံပါတ် ၄၅ အထိ

အစောင် ၂၁ ၊ စူရဟ် အန်ကဘူသ် ၏အာယသ်တော် အမှတ် ၄၆ «و لا تجادلوا...» ၊ စူရဟ် အန်ကဘူသ် အာယသ်တော် နံပါတ် ၄၆  မှ အဆုံး အထိ ၊ စူရဟ်ရွမ်းမ်။ စူရဟ်လွတ်က်မန်းန် ။စူရဟ် စဂျ်ဒဟ် ။ စူရဟ် အဲဟ်ဇာဗ် အာယသ်တော် အမှတ် ၃၀ အထိ

အစောင် ၂၂ ၊ စူရဟ် အဲဟ်ဇာဗ် ၏အာယသ်တော် အမှတ် ၃၁ «و من یقنت...»၊  စူရဟ် အဲဟ်ဇာဗ် အာယသ်တော် အမှတ် ၃၁ မှ အဆုံး အထိ ၊ စူရဟ် စဗါ ။ စူရဟ် ဖွာသွေရ် ။ စူရဟ် ယာစင်န်  အာယသ်တော် နံပါတ် ၂၇ အထိ

အစောင် ၂၃ ၊ စူရဟ် ယာစင်န်  ၏အာယသ်တော် အမှတ် ၂၈ «و ما أنزلنا...» ၊  စူရဟ် ယာစင်န် ။စူရဟ် ဆွာဖါသ်။ စူရဟ် ဆွာဒ် ။ စူရဟ် ဇိုမိုရ်  အာယသ်တော် နံပါတ် ၃၁ အထိ

အစောင် ၂၄ ၊ စူရဟ် ဇိုမိုရ်  ၏အာယသ်တော် အမှတ်၃၂ «فمن أظلم...» ၊  စူရဟ် ဇိုမိုရ်  အာယသ်တော် နံပါတ် ၄၇ မှ အဆုံး အထိ ၊ စူရဟ် ဂါဖေရ် ။ စူရဟ် ဖိုဆွေလသ် အာယသ် တော် အမှတ် ၄၆ အထိ

အစောင် ၂၅ ၊ စူရဟ် ဖိုဆွေလသ် ၏အာယသ်တော် အမှတ် ၄၇ «إلیه یرد...» ၊  စူရဟ် ဖိုဆွေလသ် အာယသ် တော် အမှတ် ၄၇ မှ အဆုံး အထိ ၊ စူရဟ် ရှိုရာ ။ စူရဟ် ဇိုခ်ရိုဖ်။ စူရဟ် ဒူခါန် ။ စူရဟ် ဂျာစီယဟ်

အစောင် ၂၆ ၊ စူရဟ် အဟ်ကာဖ် ၏အာယသ်တော် အမှတ် ၁ «حـم...»  ၊  စူရဟ် အဟ်ကာဖ်။ စူရဟ် မိုဟမ္မဒ် ။ စူရဟ် ဖသ်ဟ် ။ စူရဟ် ဟိုဂျိုရာသ် ။ စူရဟ်ကာဖ် ။ စူရဟ် ဇာရီယာသ်  အာယသ်တော် နံပါတ် ၃၀ အထိ

အစောင်၂၇ ၊ စူရဟ် ဇာရီယာသ် ၏အာယသ်တော် အမှတ် ၃၁ «قال فما خطبکم...» ၊ စူရဟ် ဇာရီယာသ်  အာယသ်တော် နံပါတ် ၃၁ မှ အဆုံး အထိ ၊ စူရဟ် သူရ်။ စူရဟ် နဂျ်မ် ။ စူရဟ်ကမရ် ။ စူရဟ်အရ်ရဟ်မန် ။ စူရဟ်ဝါကေအဟ်။ စူရဟ် ဟဒီးဒ်

အစောင် ၂၈၊ စူရဟ် မိုဂျာဒေလာဟ် ၏အာယသ်တော် အမှတ် ၁ «قد سمع...»  ၊ စူရဟ် ဟရှ်ရ် ။ စူရဟ် မွန်မ်သဟေနဟ် ။ စူရဟ် ဆဖ် ။ စူရဟ်ဂျိုမ်အဟ် ။ စူရဟ်မိုနာဖေကူးန် ။ စူရဟ် သဂါဘွန် ။ စူရဟ် သွလာက် ။ စူရဟ် သဲဟ်ရီးမ်

အစောင် ၂၉ ၊ စူရဟ် မိုလ်က် ၏အာယသ်တော် အမှတ် ၁ «تبارک الذی...»   ၊ စူရဟ် ကလန်မ် ။ စူရဟ်ဟာကဟ် ။ စူရဟ်မအာရေဂျ် ။ စူရဟ် နူးဟ် ။ စူရဟ်ဂျင်းန် ။ စူရဟ် မိုဇ်ဇမေလ် ။ စူရဟ် မိုဒ်ဒတ်စ်စေရ် ။ စူရဟ် ‌ကေယာမသ် ။ စူရဟ် အင်န်စာန် ။ စူရဟ် မိုရ်စလာသ်

အစောင် ၃၀ ၊ စူရဟ်နဗါအ် ၏အာယသ်တော် အမှတ် ၁ «عَمَّ يَتَسَاءَلُونَ...»  ၊ စူရဟ်  နာစေအာသ် ။ စူရဟ် အဗစ ။ စူရဟ် သကဝီးရ် ။ စူရဟ် အင်န်ဖေသွာရ် ။ စူရဟ် မိုသွဖ်ဖေဖီးန် ။ စူရဟ်အင်န်ရှေကာဖ် ။ စူရဟ် ဗိုရူဂျ်။ စူရဟ် သွာရေက် ။ စူရဟ် အအ်လာ။ စူရဟ် ဂါရှေယဟ် ။ စူရဟ် ဖဂျ်ရ် ။ စူရဟ် ဘလဒ် ။ စူရဟ် ရှန်းမ်စ် ။ စူရဟ် လိုင်းလ် ။ စူရဟ် ဇိုဟာ ။ စူရဟ် ရှရဟ်။ စူရဟ် သီးန် ။ စူရဟ် အလက်က် ။ စူရဟ်ကဒ်ရ် ။ စူရဟ် ဘိုင်ယေနဟ် ။ စူရဟ် ဇေလ်ဇာဟ် ။ စူရဟ် အာဒီယာသ် ။ စူရဟ်ကာရေအဟ် ။ စူရဟ် သကာစိုရ် ။ စူရဟ် အဆ်ရ် ။ စူရဟ် ဟိုမဇဟ် ။ စူရဟ် ဖီးလ် ။ စူရဟ် ကိုရိုင်းရှ် ။ စူရဟ် မာအူးန် ။ စူရဟ်ကောင်စဲရ် ။ စူရဟ် ကာဖေရွန်း ။ စူရဟ် နက်စ်ရ် ။ စူရဟ် မစစ်ဒ် ။ စူရဟ်အက်ခ်လာဆ် ။ စူရဟ် ဖလာက် ။ စူရဟ် နာစ်

ရည်ညွှန်းများ

အာရဘီ ဘာသာ စကား ၊ ပါရှန်း (ဖွာရစီ ) ဘာသာစကား အခက်အခဲရှိသူများ နှင့် အတန်းပညာတတ်သူ ပရိတ်သတ်များ ဖတ်ရတာ လွယ်ကူအောင် ကျမ်းကိုးများ ၏ အသံ ထွက်ကို အင်္ဂလိပ် ဘာသာဖြစ် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

  1. Ahmad bin Ahmad bin Muhammad Abdullah al-Tawil, Al-Tartil and Al-Alumah, Awqaf al-Saudia, 1420 AH/1999 AD.
  2. Sedva Behesht's radio program, Tavus Behesht, content entry date: May 2, 1400 AH, visit date: Mehr 6, 1402 AH.
  3. Rezapour, Mohammad Taqi, Knowledge of the Qur'an, Iran-Davah. Date of entry: June 3, 1395, visited: April 11, 1402.
  4. Dehkhoda, Ali Akbar, Dehkhoda dictionary. Zarkashi, Badr al-Din Muhammad bin Abdullah, "Al-Burhan fi Ulum al-Qur'an", Beirut, Dar al-Jeel Publications, 1408 AH.
  5. Faiz Kashani, Mohsen, "Al-Mahja Al-Baida", Qom, Islamic Publications Office, second edition, 1428 AH.
  6. "Images/Ceremony of reciting part of the Holy Quran in the shrine of Imam Hossein (a.s.)", Hozha news agency, date of entry: April 8, 1401 AH, visited date: October 6, 1402 AH.
  7. Marfat, Mohammad Hadi, Al-Tamhid, Qom, Al-Nashar al-Islami Institute, first edition, 1412 AH.
  8. Moini, Mohsen, "Jaz", Encyclopaedia of Qur'an and Qur'an Studies (Vol. 1), Tehran, Dostane and Nahid, 1377.
  9. "Alama Tehrani's view on holding celebrations, weddings and funerals", Wahi School, visited: November 9, 1402.

**************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha