အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အေရ်ရှာဒ် ဒိုလ်ကိုလူဗ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الحسن المجتبی علیه:
«أَهْلُ الْمَسْجِدِ زُوّارُ اللَّهِ، وَ حَقٌّ عَلَى الْمَزُورِ أَنْ يُكْرِمَ زَائِرَهُ».
အေမာမ် ဟစန် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« ဧကန်မလွဲ ဗလီဝတ်ကျောင်းတော် သို့လာရောက်ကြသူများမှာ အလ္လာဟ်အရှင်မြတ် ၏ ဧည့်သည် တော်များ နှင့် ဇေယာရသ် ပြုသူများ ဖြစ်ကြပါသည်။ အိမ်ရှင် နှင့် ဧည့်သည်များ ကို ဝန်ဆောင်မှုပေးသူများ အပေါ် ဧည့် သည် တော်များ ကို ရိုသေလေးစားရန် တာဝန်ရှိပါသည်။ »
ကျမ်းကိုး ။ ။ အေရ်ရှာဒ် ဒိုလ်ကိုလူဗ် ကျမ်း ၊ စာမျက်နှာ ၇၂
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် ဗလီ ဝတ်ကျောင်း တော် ၏ ကြီးကျယ်မြင့်မြတ် မှု နှင့် ဗလီ ဝတ်ကျောင်းတော် သို့ လာရောက် သူများ အား ရိုသေ လေးစား ဖို့ တိုက်တွန်း ထားကြောင်း သိရှိရမည် ဖြစ်ပါတယ်။ အကြောင်း မှာ အလ္လာဟ် ဟို အရှင်မြတ် သည် မိမိ ၏ အိမ်တော် (ဗလီဝတ် ကျောင်းတော် ) သို့ လာရောက်သူ ယောက်တိုင်း ကို မိမိ၏ ဧည့်သည် အဖြစ် သတ်မှတ်တော် မူထား၍ ဖြစ်ပါတယ်။ ဧည့်သည် ကို ရိုသေလေးစားရန် အိမ် ရှင် အပေါ် အရေးကြီး သည့် လုပ်ဆောင် ရမည့် တာဝန် တစ်ရပ်ဖြစ်ပါတယ်။ ပြီးနောက် ဗလီ ဝတ်ကျောင်း တော် ကို ငါ့ရှေ့ဆောင်ရလို့ ငါ ဂေါပကလူကြီးလုပ်ရလို့ သွားသည့် စိတ် အစား အလ္လာဟ် ဧည့်သည်တော်များ ကို ဧည့်ခံ ရလို သွားသည့် စိတ်ဓာတ်အားမွေးရမည် ဖြစ်ပါ တယ်။ နောက် မိမိ ရှေ့မဆောင်ရလို့ မိမိ ဂေါပက လူကြီး မလုပ်ရလို့ ဗလီ ဝတ်ကျောင်းတော် သို့ မသွားခြင်းသည် လည်း အလ္လာဟ် ဧည့်သည်တော်များ ကို မရိုမသေ မလေးမစားလုပ်သကဲ့သို့ ဖြစ်ကြောင်း သတိပြုထားရမည် ဖြစ်ပါတယ်။ နောက် ဗလီ ဝတ်ကျောင်းတော် သို့ လာရောက်သူ ဂျမာအသ် ဝင်တိုင်းသည် လည်း မိမိ လူ ရှေ့ဆောင် လုပ်နေရလို့ ဂေါပက လုပ်နေရလို့ မိမိ အမျိုး ရှေ့ဆောင် လုပ်နေရလို့ ဂါပက လုပ်နေရလို့ လာသည့် ထက် မိမိ သည် အလ္လာဟ် ၏ ဧည့်သည် အဖြစ် သတ်မှတ်ခံလိုသည့် အတွက်ကြောင့် ဆိုပြီး လာသင့်ပါတယ်။
****************************************************************
END / 251
Your Comment