အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီးက်နာသတင်းဌာန ၏ အဆိုအရ အီရန် နိုင်ငံ ရုပ်မြင်သံ ကြား ၏ အကျော်အမော် ကုရ်အာန် အစီအစဥ် "မဲဟ်ဖေလ်" ၏ ဒိုင်လူ ကြီး သုံးဦး ဖြစ်သည့် ကာရီ ဟာမစ်ဒ် ရှာကေရ် နေဂျာဒ် ၊ ကာရီ ဟစနိုင်း အလ်ဟလူး နှင့် ကာရီ ဆယက်ဒ် ဂျလားလ် မအ်စူမီ တို့အား ပါကစ္စတန်၏ အကြီးဆုံးနှင့် အရေးအကြီးဆုံး နှစ်ပတ်လည် အခမ်းအနား သို့ ကြွရောက်ကြရန် ဖိတ်ကြားထားပါတယ်။
ဤ နှစ်ပတ်လည် အခမ်းအနား ကို ပါကစ္စတန် နိုင်ငံ၏ အကြီးကျယ်ဆုံးသော အမျိုးသားရေး နှင့် ဘာသာရေးပွဲဟု သတ်မှတ်ထားပါတယ်။
ဤခရီးစဉ်သည် အစွစရေး နှင့် အီရန် ၁၂ ရက်စစ်ပွဲအပြီးတွင် အီရန် နိုင်ငံ ရုပ်မြင်သံ ကြား ၏ အကျော်အမော် ကုရ်အာန် အစီအစဥ် "မဲဟ်ဖေလ်" မှ ပထမဆုံးသောနိုင်ငံတကာပါဝင်မှုခရီးစဉ်ဖြစ်ပါတယ်။
ဤ အစ္စရေး နှင့် အီရန် စစ်ပွဲအတွင်း ပါကစ္စတန်သည် အီရန်အား ပြောင်ပြောင်တင်းတင်းနှင့် ပြင်းပြင်းထန်ထန် ထောက်ခံခဲ့ပြီး၊ ထို့နောက် "မဲဟ်ဖေလ်" ၏ ဒိုင်လူ ကြီးများ၏ အထူးဖိတ်ကြားမှုသည် သိသာထင်ရှားပြီး ပုံဆောင်သဘောဆောင်သည့် အရေးပါမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
အီရန် နိုင်ငံ ရုပ်မြင်သံ ကြား ၏ အကျော်အမော် ကုရ်အာန် အစီအစဥ် "မဲဟ်ဖေလ်" အကဲဖြတ်ဒိုင်များ ရှေ့မှောက်တွင် ပါကစ္စတန်ရှိ ဤပွဲစီစဉ်သူများအတွက် အလွန်အရေးကြီးသောကြောင့် ၎င်းတို့၏ပုံများကို နိုင်ငံ အနှံ့ ပိုစတာများနှင့် ပရိုမိုးရှင်းလှုပ်ရှားမှုများတွင် ထင်ရှားစွာပြသ ထားပါတယ်။
ပါကစ္စတန် နိုင်ငံ၏ အကြီးကျယ်ဆုံးသော အမျိုးသားရေး နှင့် ဘာသာရေးပွဲ အား မဟာတမန်တော် မြတ်ကြီး (ဆွ) ၏ မွေးနေ့ရက် မြတ် အထိမ်းအမှတ် ဖြင့် ကျင်းပခြင်း ဖြစ်ပြီး ရှိက်ခ်ခိုလ် အစ္စလာမ် ဒေါက်တာ မိုဟမ္မဒ် သွာဟေရ်ရိုလ် ကာဒရီ မှ ကြီးမှူး ကျင်းပခဲ့ ခြင်း ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment