၉ စက်တင်ဘာ ၂၀၂၅ - ၁၉:၅၆
ပါကစ္စတန် ၏ အကြီးဆုံး နှစ်ပတ်လည် အခမ်းအနားသို့  တက်ရောက်ရန် အကျော်အမော် အီရန် ကာရီ နှင့် ဒိုင်လူကြီး အား ဖိတ်ကြား

အီရန် နိုင်ငံ ရုပ်မြင်သံ ကြား ၏ အကျော်အမော် ကုရ်အာန် အစီအစဥ် "မဲဟ်ဖေလ်" ၏ ဒိုင်လူကြီးများအား ပါကစ္စတန်၏ အကြီးဆုံး နှစ်ပတ်လည် အခမ်း အနားသို့ ကြွရောက် ကြရန် ဖိတ်ကြား ထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီးက်နာသတင်းဌာန ၏ အဆိုအရ အီရန် နိုင်ငံ ရုပ်မြင်သံ ကြား ၏ အကျော်အမော် ကုရ်အာန် အစီအစဥ် "မဲဟ်ဖေလ်"  ၏ ဒိုင်လူ ကြီး သုံးဦး ဖြစ်သည့် ကာရီ ဟာမစ်ဒ် ရှာကေရ် နေဂျာဒ် ၊  ကာရီ ဟစနိုင်း အလ်ဟလူး  နှင့်   ကာရီ ဆယက်ဒ် ဂျလားလ် မအ်စူမီ  တို့အား ပါကစ္စတန်၏ အကြီးဆုံးနှင့် အရေးအကြီးဆုံး နှစ်ပတ်လည် အခမ်းအနား သို့ ကြွရောက်ကြရန် ဖိတ်ကြားထားပါတယ်။

ဤ နှစ်ပတ်လည် အခမ်းအနား  ကို ပါကစ္စတန် နိုင်ငံ၏ အကြီးကျယ်ဆုံးသော အမျိုးသားရေး နှင့် ဘာသာရေးပွဲဟု သတ်မှတ်ထားပါတယ်။

ဤခရီးစဉ်သည် အစွစရေး နှင့် အီရန် ၁၂ ရက်စစ်ပွဲအပြီးတွင် အီရန် နိုင်ငံ ရုပ်မြင်သံ ကြား ၏ အကျော်အမော် ကုရ်အာန် အစီအစဥ် "မဲဟ်ဖေလ်"  မှ ပထမဆုံးသောနိုင်ငံတကာပါဝင်မှုခရီးစဉ်ဖြစ်ပါတယ်။

ဤ အစ္စရေး နှင့် အီရန် စစ်ပွဲအတွင်း ပါကစ္စတန်သည် အီရန်အား ပြောင်ပြောင်တင်းတင်းနှင့် ပြင်းပြင်းထန်ထန် ထောက်ခံခဲ့ပြီး၊ ထို့နောက် "မဲဟ်ဖေလ်"   ၏ ဒိုင်လူ ကြီးများ၏ အထူးဖိတ်ကြားမှုသည် သိသာထင်ရှားပြီး ပုံဆောင်သဘောဆောင်သည့် အရေးပါမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။

အီရန် နိုင်ငံ ရုပ်မြင်သံ ကြား ၏ အကျော်အမော် ကုရ်အာန် အစီအစဥ် "မဲဟ်ဖေလ်" အကဲဖြတ်ဒိုင်များ ရှေ့မှောက်တွင် ပါကစ္စတန်ရှိ ဤပွဲစီစဉ်သူများအတွက် အလွန်အရေးကြီးသောကြောင့် ၎င်းတို့၏ပုံများကို နိုင်ငံ အနှံ့ ပိုစတာများနှင့် ပရိုမိုးရှင်းလှုပ်ရှားမှုများတွင် ထင်ရှားစွာပြသ ထားပါတယ်။

ပါကစ္စတန် နိုင်ငံ၏ အကြီးကျယ်ဆုံးသော အမျိုးသားရေး နှင့် ဘာသာရေးပွဲ အား မဟာတမန်တော် မြတ်ကြီး (ဆွ) ၏ မွေးနေ့ရက် မြတ် အထိမ်းအမှတ် ဖြင့် ကျင်းပခြင်း ဖြစ်ပြီး ရှိက်ခ်ခိုလ် အစ္စလာမ် ဒေါက်တာ မိုဟမ္မဒ် သွာဟေရ်ရိုလ် ကာဒရီ မှ ကြီးမှူး ကျင်းပခဲ့ ခြင်း ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha