အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အလ်အမာလီယိုလ်သူစီ ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی اللہ علیه وآله وسلم :
أكمَلُ المؤمنينَ إيمانا أحْسَنُهُم خُلقا.
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
« မိုအ်မင် အီမာန်သက်ဝင် ယုံကြည်သူများ တွင် အီမာန် သက်ဝင် ယုံကြည် မှု အပြီးပြည့်စုံ သူမှာ အားလုံး တွင် အကျင့် စာရိတ္တ အကောင်း တကာအကောင်း ဆုံး (ခ) သဘောထား အကောင်းတကာ အကောင်း ဆုံး သူ ဖြစ်ပါ သည်။ »
ကျမ်းကိုး ။ ။ အလ်အမာလီယိုလ်သူစီ ကျမ်း ၊ စာမျက်နှာ ၁၄၀ ၊ ဟဒီးစ်တော် အမှတ် ၂၂၇
သတိပြုရန် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် မိမိကိုယ့်ကို ပြီးပြည့်စုံသည့် မိုအ်မင် တစ်ဦး မိုအ်မေနဟ် တစ်ဦး ဖြစ်ရန် မိမိ၏ အကျင့်စာရိတ္တကို အကောင်း တကာ အကောင်းဆုံး သူ သဘောထား အကောင်း တကာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားရပါမယ်။ကျင့်စာရိတ္တ ကောင်းခြင်း ၊ သဘောထား ကောင်းခြင်း ၏ ပမာများ မှ တစ်ခု မှာ သူဌေး တွေ့လည်း စလာမ် ဆိုခြင်း ၊သူဆင်းရဲတွေ့လည်း စလာမ် ဆိုခြင်း ၊ မိမိ အကျိုး ဖြစ်မည့်သူဆို ပြုံးလို ရွှင်လို့ ဆက်ဆံခြင်း ၊ မိမိ အကျိုး မဖြစ်မဲ့သူ ဆို မျက်နှာ မဲ့လို့ ပုပ်လို့ လုပ်ပြီး မဆက်ဆံ ခြင်း တစ်နည်းအားဖြင့် ကျောသား ရင်သား ခွဲခြား ဆက်ဆံခြင်း ဖြစ်ပါတယ်။ အကျင့်စာရိတ္တ ကောင်းသူ သည် မည်သည့် ကိစ္စလုပ်လုပ် သက်ဆိုင်ရာ ကိစ္စ အတွက် သက်ဆိုင်သူများ နှင့် ပွင့်လင်းမြင်သာစွာ ပြုလုပ်ကြပါတယ်။ ကောက်ကျစ်ခြင်း ၊ကလစ်ကကျစ် ပြုခြင်း ၊ လှည့်ဖြား ခြင်း ၊လိမ်ညာပြောဆိုခြင်း ၊ဘက်လိုက်ခြင်း စသည်မကောင်းမှုများ ကိုမလုပ်သူဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment