အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆော်ဒီအာရေဗျနိုင်ငံ မုဖ်သီချုပ် ၊ အကြီးတန်း သာသနာ့ ပညာရှင်များအဖွဲ့ ဥက္ကဋ္ဌ နှင့် အမြဲတမ်း ဖသ်ဝါ ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ အဗ်ဒိုလ်အဇီးဇ် ဘသ်န် အဗ်ဒွလ္လာဟ် အာလွတ်ရှ်ရှိက်ခ် သည် ယနေ့ အင်္ဂါ နေ့ တွင် ကွယ်လွန် သွားကြောင်း သိရပါတယ်။
ဆော်ဒီဘာသာရေး နှင့် ပညာ ရေး အသိုင်းအဝိုင်းက အစ္စလာမ် နှင့် မွတ်စလင်မ်များ မုဖ်သီချုပ် အဗ်ဒိုလ်အဇီးဇ် ဘသ်န် အဗ်ဒွလ္လာဟ် အာလွတ်ရှ်ရှိက်ခ် ၏ ဝန်ဆောင် ခဲ့မှုများ နှင့် အားထုတ်မှုများ ကို ဂုဏ်ပြုခဲ့ကြပါတယ်။
အဗ်ဒိုလ်အဇီးဇ် ဘသ်န် အဗ်ဒွလ္လာဟ် အာလွတ်ရှ်ရှိက်ခ် သည် ဆော်ဒီအာရေဗျနိုင်ငံတွင် နှစ်ပေါင်းများစွာ အရေးပါ သော ဘာသာရေးရာထူးများကို ထမ်းဆောင်ခဲ့သော ထင်ရှားသော ဘာသာရေးပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။
အဗ်ဒိုလ်အဇီးဇ် ဘသ်န် အဗ်ဒွလ္လာဟ် အာလွတ်ရှ်ရှိက်ခ် အား ၁၉၄၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မက္ကဟ် ရွှေမြို့တွင် မွေးဖွားခဲ့ပြီး ဝဟာဘီ ကျောင်းကို တည်ထောင်သူ မိုဟမ္မဒ် ဘင်န် အဗ်ဒိုလ်ဝဟာဗ် ၏ မျိုးဆက်ဝင် တစ်ဦး ဖြစ်ပါတယ်။ ၎င်း ၏ အငြင်းပွားဖွယ်ရာ ပြောဆိုချက်များသည် တစ်ခါတစ်ရံတွင် မီဒီယာနှင့် ဆိုက် ဘာစပေ့ တို့တွင် ထင်ဟပ်ပြီး လူအများ၏ ထင်မြင်ချက် နှင့် လှောင်ပြောင်ခြင်းကို လည်းခံရပါတယ်။
အဗ်ဒိုလ်အဇီးဇ် ဘသ်န် အဗ်ဒွလ္လာဟ် အာလွတ်ရှ်ရှိက်ခ် ၏ ကွယ်လွန် ခြင်း သည် ဝဟာဘီ အုပ်စု အတွက် အလွန် ဝမ်းနည်းစရာနှင့် ဆုံးရှုံးမှု တစ်ခု ဖြစ်ပါတယ်။
အာရပ်မီဒီယာများ၏ အဆိုအရ ဆော်ဒီအာရေဗျနိုင်ငံ မုဖ်သီချုပ် အဗ်ဒိုလ်အဇီးဇ် ဘသ်န် အဗ်ဒွလ္လာဟ် အာ လွတ်ရှ် ရှိက်ခ် ၏ နမာဇ် ဇေ ဂျနာဇဟ် ကို ယနေ့ ပင် ရီယာ့ဒ် မြို့ ရှိ အေမာမ် တူရကီ ဘင်န် အဗ်ဒွလ္လာဟ် မတ်စ် ဂျစ်ဒ် တွင် ဖတ်ကြမည် ဖြစ်ပါတယ်။
ဆော်ဒီဘုရင် စလ်မာန် ဘင်န် အဗ်ဒိုလ်အဇီးဇ် သည် မက္ကဟ်မြို့ ၊ မတ်စ်ဂျစ်ဒ် နဗဝီ (ဆွ) နှင့် နိုင်ငံတစ်ဝှမ်းရှိ ဗလီများ အားလုံး အဆ်ရ် နမာဇ် ဝတ်ပြုပြီးနောက် ကွယ်လွန်သူ မုဖ်သီချုပ် အတွက် အလောင်း မပါဘဲ နမာဇ် ဇေ ဂျနာဇဟ် ဖတ်ရန် ညွှန်ကြားချက် အမိန့် ထုတ်ပြန်ခဲ့ပါတယ်။
ကွယ်လွန်သူ အဗ်ဒိုလ်အဇီးဇ် ဘသ်န် အဗ်ဒွလ္လာဟ် အာလွတ်ရှ်ရှိက်ခ် သည် ၁၉၉၉ ခုနှစ်တွင် မုဖ်သီချုပ် အဖြစ်ခန့်အပ် ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment