အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الباقر علیه السلام:
اِنَّ اَكْرَمَكُمْ عِنْدَاللّهِ اَشَدُّكُمْ اِكْراما لِحَلائِـلِهِمْ.
အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အလ္လာဟ် ဟို အရှင်မြတ် ၏ အမြင် ၌ ရိုသေ လေးစား ထိုက်ဆုံး နှင့် ဂုဏ် သိက္ခာ အရှိဆုံးသူ မိမိ ဇနီးသည် အား ရိုသေ လေးစားမှု အပေးဆုံး သူ ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း၊ အတွဲ ၁၅၊ စာမျက်နှာ ၅၈ ၊ ဟဒီးစ်တော် အမှတ် ၆
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် မိမိတို့၏ ဇနီးသည် များကို ရိုသေလေးစား မှု ပေးမှသာ လျင် အလ္လာဟ် ဟို အရှင်မြတ် အမြင် ၌ ဂုဏ်သိက္ခာ အရှိဆုံး သူ ဖြစ်မည် ဖြစ်ပါတယ်။ဤအတွက်ကြောင့် မိမိဇနီးသည်များကို အကောင်းတကာ ရိုသေလေးစားမှု ပေးနိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။ ပြီးနောက် ရှရီအသ်တရားတော် တွင် မိမိဇနီး သည် မည်မျှ ပင် ငွေရှိသူ တတ်နိုင် သူ ဖြစ်နေ ပါစေ နန်ဝနဖကဟ် (စား၊ဝတ်၊နေရေး ) ကို ပြုလုပ်ပေးရမည်မှာ ဝါဂျစ်ဗ် ဖြစ်ပါတယ်။ ဤအတွက်ကြောင့် ဇနီးသည် ရှိသည့် မိုအ်မင်တိုင်း ဤ ရှရီအီ တာဝန် ဝတ္တရားကို ကျေပွန်စွာထမ်းဆောင် နိုင်ရန် ကြိုးပမ်း အားထုတ် ရပါမယ်။ ဟဒီးစ်တော် အရ မိမိ ၏ ဇနီးသည် အား ရိုသေလေးစားမှု အပေးနိုင်ဆုံး ပေးရန် လာ ရှိသည့် အတွက် ကြောင့် ဇနီးသည် အား ရိုက်ရန် ၊ ဆဲဆို ရန် စသည်တို့အား ခွင့်မပြုထားကြောင်း သိသာ ထင်ရှားနေပြီး ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment