၁၆ အောက်တိုဘာ ၂၀၂၅ - ၀၀:၂၅
အလ္လာဟ်ဟို အရှင်မြတ်၏ အမြင် ၌ ဂုဏ်သိက္ခာ အရှိဆုံး သူ

အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အလ္လာဟ်ဟို အရှင်မြတ်၏ အမြင် ၌ ဂုဏ်သိက္ခာ အရှိဆုံး သူ နှင့် ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الباقر علیه السلام:

اِنَّ اَكْرَمَكُمْ عِنْدَاللّه‏ِ اَشَدُّكُمْ اِكْراما لِحَلائِـلِهِمْ.

အေမာမ် မိုဟမ္မဒ် ဘာကဲရ်    (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« အလ္လာဟ် ဟို အရှင်မြတ် ၏ အမြင် ၌ ရိုသေ လေးစား ထိုက်ဆုံး နှင့် ဂုဏ် သိက္ခာ အရှိဆုံးသူ မိမိ ဇနီးသည် အား ရိုသေ လေးစားမှု အပေးဆုံး သူ ဖြစ်ပါသည်။  »

ကျမ်းကိုး ။ ။ ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း၊ အတွဲ ၁၅၊ စာမျက်နှာ ၅၈ ၊ ဟဒီးစ်တော် အမှတ် ၆

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် မိမိတို့၏ ဇနီးသည် များကို ရိုသေလေးစား မှု ပေးမှသာ လျင် အလ္လာဟ် ဟို အရှင်မြတ် အမြင် ၌  ဂုဏ်သိက္ခာ အရှိဆုံး သူ ဖြစ်မည် ဖြစ်ပါတယ်။ဤအတွက်ကြောင့်  မိမိဇနီးသည်များကို အကောင်းတကာ ရိုသေလေးစားမှု ပေးနိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။ ပြီးနောက် ရှရီအသ်တရားတော် တွင် မိမိဇနီး သည် မည်မျှ ပင် ငွေရှိသူ တတ်နိုင် သူ ဖြစ်နေ ပါစေ နန်ဝနဖကဟ်  (စား၊ဝတ်၊နေရေး ) ကို ပြုလုပ်ပေးရမည်မှာ ဝါဂျစ်ဗ် ဖြစ်ပါတယ်။ ဤအတွက်ကြောင့် ဇနီးသည် ရှိသည့် မိုအ်မင်တိုင်း ဤ ရှရီအီ တာဝန် ဝတ္တရားကို  ကျေပွန်စွာထမ်းဆောင် နိုင်ရန် ကြိုးပမ်း အားထုတ် ရပါမယ်။ ဟဒီးစ်တော် အရ မိမိ ၏ ဇနီးသည် အား  ရိုသေလေးစားမှု အပေးနိုင်ဆုံး ပေးရန် လာ ရှိသည့် အတွက် ကြောင့် ဇနီးသည် အား ရိုက်ရန် ၊ ဆဲဆို ရန် စသည်တို့အား ခွင့်မပြုထားကြောင်း သိသာ ထင်ရှားနေပြီး ဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha