၂၄ အောက်တိုဘာ ၂၀၂၅ - ၁၄:၅၅
မွတ်စလင်မ် များ၏ တာဝန်သုံးရပ်

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် မွတ်စလင်မ် များ၏ တာဝန်သုံးရပ် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နဲဟ်ဂျိုလ် ဖွဆွာဟဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال رسول اللہ صلی اللہ علیه وآله وسلم :

ثَلاثٌ حَقٌّ عَلى كُلِّ مُسلِمٍ: اَلغُسلُ يَومَ الجُمُعَةِ وَ السِّواكُ وَ الطِّيبُ۔

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

« မွတ်စလင်မ် တိုင်းအတွက် မဖြစ်မနေလုပ်ရမယ့်အရာသုံးခုကတော့ သောကြာနေ့မှာ ရေချိုးခြင်း၊ မစ်ဝါက် ဖြင့် သွားတိုက်ခြင်း နှင့် ရေမွှေးလိမ်းခြင်းတို့ဖြစ်ပါသည်။ »

ကျမ်းကိုး ။ ။ နဲဟ်ဂျိုလ် ဖွဆွာဟဟ် ကျမ်း၊ စာမျက်နှာ ၄၁၄ ၊ ဟဒီးစ်တော် ၁၂၅၆

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ အနေဖြင့် သောကြာနေ့ (ခ) ဂျူမ်အဟ် ‌နေ့   တာဝန် သုံးခုကို ထမ်းဆောင် ရမှာ ဖြစ်ပါတယ်၊။  ပထမ တာဝန်မှာ ရေချိုးခြင်း တစ်နည်း အားဖြင့် နမာဇ် ဇဟိုရ် အချိန် မရောက်ခင် ဂိုစ်လေ ဂျူမ်အဟ် ထည့်ခြင်း ဖြစ်ပါတယ်။ ဂိုစ်လေ ဂျူမ်အဟ်၏ ကြီးကျယ် မြင့်မြတ်မှု နှင့် အဲဟ်ကာမ်များ ကိုလည်း လေ့လာ ထားသင့်ပါတယ်။ ဒုတိယ တာဝန် မှာ မစ်ဝါက် ဖြင့် သွားတိုက်ခြင်း ဖြစ်ပါတယ်။ မစ်ဝါက် ဆိုသည့် သစ်သားကိုင် တစ်မျိုး နှင့် သွားတိုက်ခြင်း ဖြစ်ပါတယ်။ မစ်ဝါက် ကို မွတ်စလင်မ် အသုံး အဆောင်များ ရောင်းသည့် ဆိုင်များ မှာ  ရနိုင်ပါတယ်။ တတိယအချက်ကတော့ ရေမွှေး လိမ်းခြင်း ဖြစ်ပါ တယ်။ ရေမွှေးလိမ်းပြီး နမာဇ် ၂ရကတ်သ် ဝတ်ပြုခြင်းသည် ရေမွှေး မလိမ်းဘဲ ဖတ်သည့် နမာဇ် ရကတ်သ် ၇၀ နှင့် ညီကြောင်း အေမာမ် ဂျအ်ဖရ် ဆွဒစ်က် (အ.စ) ၏ ဟဒီးစ်တော် တွင် လာရှိပါတယ်။ ဤအတွက်ကြောင့် နမာဇ် ဝတ်ပြုတိုင်း ရေမွှေး လိမ်းပြီး ဝတ်ပြုနိုင်အောင် ကြိုးစားရမည် ဖြစ်ပါတယ်။ ရေမွှေး များကိုလည်း တရားတော် မှ ခွင့်ပြုထားသည့် ရေမွှေးများ ဖြစ်ဖို့ အထူး သတိပြုရမည်ဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha