အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၏ ပါရှန်း ကဏ္ဍ ၏ အစီရင်ခံ စာ အရ မြန်မာ ရှီအဟ် မွတ်စလင်မ် သုတေသန နှင့် ပညာရေးစင်တာ၊ ရန်ကုန် ၏ ကြီးကြပ် ဦးဆောင်မှု ဖြင့် «အကျော်အမော် ရှီအဟ် ဘာသာရေး ခေါင်းဆောင်များ ၏ အတွေးအခေါ်များ » ဆိုသည့် ခေါင်းစဥ် ဖြင့် ပညာစကားဝိုင်း တစ်ခု ကို ကျင်းပခဲ့ပါတယ်။
မဂို ရှီအဟ် ခန်းမ တွင် ကျင်းပသည့် ဤ ပညာ စကားဝိုင်း အား အစ္စလာမ်ဘာသာရေး လေ့လာရေး ပညာရှင်များ နှင့် သုတေသီများ တက်ရောက်ခဲ့ကြပြီး အကျော်အမော် ရှီအဟ် ဘာသာရေး ခေါင်းဆောင်များ ၏ အတွေး အခေါ်များ နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို ဆွေးနွေးစစ်ဆေးခဲ့ကြပါတယ်။
ဤ ပညာ စကားဝိုင်း ၏ စီမံခန့်ခွဲမှု ကို မြန်မာ ရှီအဟ် မွတ်စလင်မ် သုတေသန နှင့် ပညာရေးစင်တာ၊ ရန်ကုန် ၏ ချီဖ်အယ်ဒီတာ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဟာဂျီ မအ်စူမ်အလီ မှ ဆောင်ရွက်ခဲ့ပါတယ်။
ပြီးနောက် မြန်မာ ရှီအဟ် မွတ်စလင်မ် သုတေသန နှင့် ပညာရေးစင်တာ၊ ရန်ကုန် ၏ ညွှန်ကြားရေးမှူး ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ယူစွဖ် မဲဟ်ဒီ သည် အနောက်တိုင်းယဉ်ကျေးမှု၊ လူမှုရေး နှင့် နိုင်ငံရေးဗျူဟာများနယ်ပယ်တွင် အကျော်အမော် ရှီအဟ် ဘာသာရေး ခေါင်းဆောင်များ ၏ သွန်သင်ချက် များ ၊ ရှီအဟ် အသိုင်းအဝိုင်းကို ၎င်းတို့၏ လမ်းညွှန်ပေးခြင်းနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ၎င်းတို့၏ အခန်းကဏ္ဍကို ရှင်းပြခဲ့ပါတယ်။

ပြီးနောက် မဂို ရှီအဟ် ဂျာမေအ် မတ်စ်ဂျစ်ဒ် ၏ အလှည့်ကျ သောကြာနမာဇ် ရှေ့ဆောင် ဆရာ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ဂျအ်ဖရ် ဂျအ်ဖရီ သည် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နှင့် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ တို့၏ ဘဝနှင့် လုပ်ဆောင်ချက်များအပေါ် ၎င်းတို့ ၏အမြင်များကို တင်ပြ ဆွေးနွေး ခဲ့ပြီး အစ္စလာမ် အွန်မသ်ကို ဦးဆောင်လမ်းညွှန်ရာတွင် ၎င်းတို့၏ ဘာသာရေး၊ လူမှုရေးနှင့် ခေါင်းဆောင်မှု နေရာများ ကို ရှင်းပြခဲ့ပါတယ်။
ပြီးနောက် ဘာသာရေး တက်ကြွလှုပ်ရှားသူ ဇာကေရဟ် ဆယက်ဒ်ဒဟ် နာဇေရဟ် ဟိုစိုင်းန်နီ မှ အေမာမ် ခိုမေနီ (ရ.ဟ) ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အဘူလ်ကာစင်မ် ခူဝီ (ရ.ဟ) နှင့် ရှဟီးဒ် ရှိက်ခ် နေမေရ် (ရ.ဟ) တို့ ၏ ပညာရေးဆိုင်ရာ ခသ်မသ်များ ၊ တော်လှန်ရေး ကဏ္ဍများ ကို တင်ပြဆွေးနွေး ခဲ့ပါတယ်။
« အစ္စလာမ့် အွန်မသ်တွင် ရှီအဟ်များ၏ အခန်း ကဏ္ဍ နှင့် အထူးသဖြင့် အမျိုးသမီးများ၏ အခန်း ကဏ္ဍ » ခေါင်းစဥ် ကို မြန်မာ ရှီအဟ် မွတ်စလင်မ် သုတေသန နှင့် ပညာရေးစင်တာ ၊ ရန်ကုန် ပညာရေး ကဏ္ဍ ၏ တာဝန်ခံ ဇာကေရဟ် ဇိုင်နဗ် မဒီနဟ်ဘိုက် မှ ဆွေးနွေးတင်ပြ ခဲ့ပြီး ဘာသာရေးအသိုင်းအဝိုင်း၏ ကြီးထွားဖွံ့ဖြိုး တိုးတက်မှုတွင် အမျိုးသမီးများ၏ ပါဝင်မှု နှင့် အရေးပါမှုကို အလေးပေး ဆွေးနွေး တင်ပြခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment