၁၀ နိုဝင်ဘာ ၂၀၂၅ - ၂၁:၅၅
သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ၏ တောင်းဆုဒိုအာ

သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ (အလိုင်ဟာ စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် မိမိ ၏ တောင်းဆု ဒိုအာ နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قالت فاطمة الزهراء (عليها السلام):

اَللّهُمَّ اِنّی اَسئَلُکَ الهُدی وَ التُّقی وَ العِفافَ وَ الغِنی والعَمَلَ بِما تُحِبُّ وَ تَرضی.

သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ (အလိုင်ဟာ စလာမ်)  မိန့်တော် မူ၏။

« အိုအလ္လာဟ်ဟို အရှင်မြတ် သခင် ! ကျနော်မျိုးမ အရှင်ထံ ဟေဒယသ် (လမ်းမှန်ကိုညှန်ကြားမှု)  ၊ သက္က်ဝါ (သီလ၊ သမာဓိ) ၊ အေဖာဖ် (ကာမ အိန္ဒြေ )  နှင့် ကြွယ်ဝချမ်းသာမှု (မည်သူ့ထံမှ လက်ဖြန့်စရာမလိုမှု) ကိုတောင်းခံအပ်ပါသည်။ ပြီးနောက် အရှင် နှစ်သက်သည့် အလုပ် နှင့် နှစ်မြို့ သည့် အလုပ်ကို (သာ) လုပ်ဆောင် နိုင်ရန် တောင်းခံအပ်ပါသည်။  »

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း အတွဲ ၈၇ ၊ စာမျက်နှာ ၃၃၉

မှတ်ချက်  -  အထက်ပါ ဒိုအာ ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် အယန်းမေ ဖွာတွေမီယဟ် ဆိုပြီးအဇါဒါရီ လုပ်နေရင်း သခင်မကြီးတောင်းသည့် ဆု အတိုင်း ဟေဒယသ် (လမ်းမှန်ကိုညှန်ကြားမှု)  ရအောင်  သက္က်ဝါ (သီလ၊ သမာဓိ) ရှိအောင်   အေဖာဖ် (ကာမ အိန္ဒြေ ) ထိန်းသိမ်းနိုင်အောင်  နှင့် ကြွယ်ဝချမ်းသာမှု (မည်သူ့ထံမှ လက်ဖြန့်စရာမလိုမှု)  ရှိအောင် အလ္လာဟ်ဟို အရှင်မြတ် နှစ်သက်သည့် အလုပ်ကိုသာ လုပ်ဆောင် နိုင်အောင်  အထူး ကြိုးပမ်းပြီး ဘဝ တညဆောက် ရမည် ဖြစ်ပါတယ်။ ထိုမှာသာ စစ်မှန် သည့် သခင်မကြီး (စ.အ) အဇါဒါ ဖြစ်မည် ဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha