၁၆ ဒီဇင်ဘာ ၂၀၂၅ - ၁၃:၁၃
သေခြင်းမှ လွတ်မြောက်ရန် မဖြစ်နိုင်

အေမာမ် အလီနကီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် သေခြင်းမှ လွတ်မြောက်ရန် မဖြစ်နိုင် နှင့် ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဟာရိုလ်အန်နဝါရ် ကျမ်း  မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الهادی علیه السلام:

أذْكُرْ مَصـْرَعَكَ بَيْنَ يـَدَىْ اَهْلِكَ وَلا طَبيبٌ يَمْنَعُكَ وَلا حَبيبٌ يَنْفَعُكَ.

အေမာမ် အလီနကီ (ခ) အေမာမ် ဟာဒီ (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« မိမိ၏  မိသားစုဝင်များ (ဆွေမျိုးသားချင်းများ ) ရှေ့မှောက်တွင် သေခြင်းတရားကို သတိရပါလေ။ အကြောင်း သည်ကား မည်သည့် သမားတော်(ဆရာဝန် ) မှ သေခြင်းတရားမှ ကယ်တင်နိုင်မည် မဟုတ်ချေ။ ပြီးနောက် မည်သည့် သူငယ်ချင်း မိတ်ဆွေ မှ သင်အတွက် အလုပ်ဖြစ်မည်မဟုတ်ချေ။ (သေခြင်းမှ ကယ်တင်နိုင်မည် မဟုတ်ချေ။ )    »

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း  ၊  အတွဲ ၇၈ ၊ စာမျက်နှာ ၃၇၀

ရှင်းလင်းချက် အကျဥ်း   -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် သေခြင်းတရားကို အမြဲ သတိရနေရမည် ဖြစ်ပါတယ်။ ပြီးနောက် သေခြင်းတရားသည် အလ္လာဟ် လက်တွင်သာ ရှိသည်ကို အပြည့်အဝ ယုံကြည်ထားရမည် ဖြစ်ပါတယ်။ ပြီးနောက် သမားတော်များ ၊ ဆရာဝန်များ ၊သူငယ်ချင်း မိတ်ဆွေ စသည်တို့သည် အကြောင်းပြချက်များသာ ဖြစ်ပြီး အမှန်တကယ်မှာ အနှိုင်းမဲ့ အလ္လာဟ် ဟို အရှင်မြတ် လက်တွင်သာ ရှိကြောင်း ယုံကြည်ထားရပါမည်။ ပြီးနောက် မနုဿ လူသား အနေဖြင့် သေခြင်း တရားကို အမြဲ သတိရနေမည်ဆိုလျင် မတရားမှုများ ၊ကောက်ကျစ်မှုများ ၊ အမုန်းတရားများ စသည်ဖြင့် ထားတော့မည် မဟုတ်ချေ။ သေခြင်းတရားကို အမြဲ သတိရမည်ဆိုလျင် ဪ ! ငါ ကဗရ်တွင်းအထဲ မှ အဖြေပေးဖို့ အာခေရသ် အတွက်  ရိတ်ခ ‌စုဆောင်းဖို့ဆိုသည့် အသိ တရားများ ဝင်လာမည် ဖြစ်ပါတယ်။ မြတ်အလ္လာဟ် ကျနော်တို့ အားလုံးအား အမြဲ သေခြင်းတရားကို သတိရစေပြီး သက်ရှည်ကျန်းမာစွာထား၍ မိမိတို့၏ ဆိုင်ရာဆိုင်ရာ  တာဝန် ဝတ္တရား များကို ကျေပြွန်စွာထမ်းဆောင် နိုင်စွမ်းအပြည့်အဝ ပေးသနားတော်မူရန် ဒိုအာတောင်းခံအပ်ပါတယ်။   

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha