အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှီအဟ်ကမ္ဘာတွင် လက်ရှိ အကျော်အမော် အသက်အကြီးဆုံး မရ်ဂျအ်တော်ကြီး လေးပါး ကို ဗဟုသုတ အဖြစ် နှင့် ဆက်လက်၍ သက်တမ်းရှည် စေရန် ဒိုအာ ပြုပေးနိုင်ကြဖို့ တင်ပြလိုက်ပါတယ်။
(၁) ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာနီ - သက်တော် ၁၀၄ နှစ်
(၂)ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မူစာ ရှိုဗိုင်ရီ ဇန်ဂျာနီ - သက်တော် ၉၇ ခုနှစ်
(၃)အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ - သက်တော် ၉၅ နှစ်
(၄)ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ရှိက်ခ် အစ်ဟာက် ဖယာဆ် နဂျဖီ - သက်တော် ၉၅ နှစ်
မရ်ဂျအ်တော်များ၏ အသက်ရှည်ရသည့် အကြောင်းအရင်းများ မှာ
(၁) အမြဲ ဝဇူ နှင့်နေနိုင်ကြခြင်း
(၂) နမာဇ် ဇေ ရှက်ဗ် ဝတ်ပြုခြင်း
(၃) ရိုဇဟ် များများထားခြင်း
(၄) အစားအသောက် နည်းခြင်း
(၅) ဆေလဟ် ရဟ်မ် ( မိမိ၏မိဘနှစ်ပါး ၊ ညီအစ်ကိုမောင်နှမများ၊ သားသမီးများ ပြီးနောက် ဆွေမျိုးသားချင်း အချင်းချင်း အခေါ် အပြောပြုခြင်း ၊ အဆက်အသွယ်ပြုခြင်း ၊ ကူညီ ဖေးမခြင်း ) တို့ကို ပြုလုပ်ခြင်း
စသည်တို့ကြောင့် ဖြစ်ကြောင်း ဟဒီးစ်တော်များ ၊အိုလမာ၏ အဆိုအမိန့်များ အရ မှတ်သား နိုင်ပါတယ်။
အိုအလ္လာဟ်ဟို အရှင်မြတ် ! ဤမရ်ဂျအ် လေးပါး အပြင် အခြား မရ်ဂျအ်တော်များ ၏ အရိပ် ကို ကျနော်တို့ ၏ ကမ္ဘာပေါ် ရှိ ရှီအဟ် များအားလုံးအပေါ်တွင် ကြာရှည်စွာထားတော် မူပါ။ ၎င်းတို့ ၏ခသ်မသ်များ ကို အကျိုး ခံစားနိုင်ခွင့် ပြုတော်မူပါ။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment