အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အလ္လာဟ်ဟို အရှင်မြတ် ၏ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) သည် ဂျာဗေရ် ဘင်န် အဗ်ဒွလ္လာဟ်အန်ဆွာရီ (ရ.သွေ့ ) ကို ခေါ်ဆိုပြီး “အို ဂျာဗေရ် ! ငါ့ရဲ့ သားစဉ်မြေးဆက်ကနေ ငါ့နာမည်ကို တူမည့် သားတော် တစ်ပါး ကို မြင်တွေ့ရဖို့ မင်း အသက်ရှင်လိမ့်မယ်။ သူဟာ အသိပညာ ဖြန့်ဝေသူ ဖြစ်လိမ့်မယ်။ သူဟာ یبْقَرُالعلم بَقْراً အသိပညာကို မှန်ကန်စွာ ရှင်းပြပြီး ခွဲခြမ်းစိတ်ဖြာရမည့် အတိုင်း ရှင်းပြလိမ့်မယ်။ ဒါကြောင့် ငါ့ရဲ့ စလာမ်ကို ၎င်း အား ပြောကြား ပေး ပါလေ။
ဂျာဗေရ် ဘင်န် အဗ်ဒွလ္လာဟ်အန်ဆွာရီ (ရ.သွေ့ ) သည် (တမန်တော်မြတ် (ဆွ) မိန့်ကြားသည့် ) သားတော် အား ရှာဖွေ ခဲ့ပါတယ်။ ယုတ်စွ မဒီနာမြို့ ဗလီတွင်ပင် “အို ! ဘာကဲရ် ရိုလ်အေလ်မ် ” ဟု တမ်းတ ခဲ့ပါတယ်။
နောက်ဆုံး တစ်နေ့တွင် ဂျာဗေရ် ဘင်န် အဗ်ဒွလ္လာဟ်အန်ဆွာရီ (ရ.သွေ့ ) သည် အေမာမ် မိုဟမ္မဒ် ဘာကဲရ် ဘင်န် အလီ (အ.စ) ကို တွေ့ရှိခဲ့ပါတယ်။ ပြီးနောက် အေမာမ် မိုဟမ္မဒ် ဘကဲရ် (အ.စ) အား နမ်းရှုံ့ ပြီး တမန်တော် မြတ် (ဆွ) ၏စလာမ် အားဆက်သခဲ့ပါတယ်။
မှီငြမ်း -
(၁) کلینی ، الاصول من الکافی ، ج1 ، ص304 ، 450 ـ 469
(၂) مفید ، الارشاد فی معرفۃ حجج اللہ علی العباد ، ج2، ص159
( ၃ ) کشی ، اختیار معرفۃ الرجال ، ص41
အလ္လာဟ်ဟို အက္က်ဘဲရ် ... အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) ၏ ကြီးကျယ် မြင့်မြတ် မှုအား ထင်ရှားစွာ သိမြင် နိုင်ပါတယ်။
اللھم صل علی محمد وآل محمد وعجل فرجھم
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment