၂၂ ဒီဇင်ဘာ ၂၀၂၅ - ၂၃:၅၈
အမျိုးသားများသည် ရွှေဖုံးထားသော သွား (Gold Cap) ဖြင့် နမာဇ် ဝတ်ပြုခြင်းသည် ပိုင်ပါသလား?

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အမျိုးသားများသည် ရွှေဖုံးထားသော သွား (Gold Cap) ဖြင့် နမာဇ် ဝတ်ပြုခြင်းသည် ပိုင်ပါသလား? ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အမျိုးသားများသည် ရွှေဖုံးထားသော သွား (Gold Cap) ဖြင့် နမာဇ် ဝတ်ပြုခြင်းသည် ပိုင်ပါသလား?  ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အစ္စလာမ်မီရှရီအသ် တွင် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ စည်းမျဉ်းများ၊ အထူးသဖြင့် နမာဇ် ဝတ်ပြုခြင်းကို အလွန်ဂရုတစိုက်နှင့် တိကျစွာ ချမှတ်ထားသောကြောင့် ဤ နမာဇ် ဝတ်ပြုခြင်း သည် အပြင်ပန်းအားဖြင့် မှန်ကန်ရုံသာမက နာမ်ပိုင်း ဆိုင်ရာ အကျိုးသက်ရောက်မှုကိုပါ ထိန်းသိမ်းထားပါတယ်။

ဤမူများထဲမှတစ်ခုမှာ နမာဇ် ဝတ်ပြု ခြင်း၏ တရားဝင်မှုအတွက် (ပိုင်ရန်အတွက်)  အခြေအနေများနှင့် အတားအဆီးများ နှင့် သက်ဆိုင်ပြီး၊ နမာဇ် ဝတ်ပြု နေစဉ်အတွင်း အမျိုးသားများ၏ ခွင့်ပြုထားသော သို့မဟုတ် ခွင့်မပြုထားသော အလှဆင်မှုများ ပါဝင်ကြောင်း သိထားရမည် ဖြစ်ပါတယ်။

ယခု မေးခွန်း၏ အရေးပါမှုမှာ တစ်ဦးတစ်ယောက်၏ ကိုယ်ရေးကိုယ်တာ ပြဿနာကို ဖြေရှင်းပေးခြင်းသာ မကဘဲ မိုကလစ်များ ( အာယာသွလ္လာဟ် စစ်သာနီ၏ သက္က်လီးဒ်     ယူထား     သူ များ ) အားလုံး အတွက် လည်း လမ်းညွှန်ချက် တစ်ရပ်အဖြစ် အသုံးဝင်မည် ဖြစ်ကြောင်း ယုံကြည်ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

ကျနော်ဟာ အမျိုးသားတစ်ဦးဖြစ်ပြီး ကျနော် ၏ သွားများပေါ်တွင် ရွှေဖုံးထားပါသည်။ ထိုအခြေအနေဖြင့် နမာဇ် ဝတ်ပြု ခြင်းတွင် ရှရီအသ် အရ ပြဿနာရှိပါသလား?

အဖြေ

နမာဇ် ဝတ်ပြုခြင်းသည် မှန်ကန်ပါသည်။ သို့သော် အမျိုးသားတစ်ဦးအတွက် နမာဇ် ဝတ်ပြု နေစဉ် ရွှေဖုံးထား သော သွားများ မြင်ရပါက ထိုအရာသည် ရှရီအသ်  မှ ခွင့်မပြုထားကြောင်း သိထားရပါမည်။

အကြံပြုချက် -  အထက်ဖော်ပြ ပါ ဖြေကြားချက်ကို ကြည့် ၍ မိုအ်မင်(အမျိုးသား) များ အနေဖြင့် အဲဟ်သေ ယာသွ် ပြုသည့် အနေဖြင့်  ရွှေဖုံးထား သော သွားများ ကို မပြုလုပ်ခြင်းသည် အကောင်းဆုံး ဖြစ်ပါတယ်။ အချို့ မိုအ်မင်များသည် ရှရီအသ်ထက် မိမိ ၏ အတ္တ နှင့် ပတ်ဝန်းကျင်၏ ချီးမွမ်း မှုကို အလေးပိုထားကြသည်ကို ဝမ်းနည်းဖွယ် တွေ့ရမည် ဖြစ်ပါတယ်။ ရှီအဟ် ဖေကဟ် အရ  အမျိုးသားများ အတွက် ရွှေထည်  ဝတ်ဆင်ခြင်းမှာ ဟရာမ် ဖြစ်ကြောင်း မှတ်သားထားရမည်ဖြစ်ပါတယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha