၂၅ ဒီဇင်ဘာ ၂၀၂၅ - ၁၇:၅၀
ပူတင် သေဖို့  ဇယ်လင်စကီး က ဆုတောင်း

ယူကရိန်းသမ္မတ ဗိုလိုဒီမီးယာ ဇယ်လင်စကီး က ခရစ္စမတ်အကြိုညတွင် နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားရာတွင် ဗလာဒီမီးယာ ပူတင် ကို ရည်ညွှန်း၍ “သူဖျက်ဆီးခံရလိမ့်မယ်ဆိုတဲ့ အိပ်မက်ဆိုး ကို ကျွန်တော်တို့အားလုံးမှာ ရှိကြ တယ်” ဟု ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Farsnews သတင်းဌာန ၏ အစီရင်ခံစာ အရ ကမ္ဘာ့ခေါင်းဆောင်များက ခရစ္စမတ်နှုတ်ခွန်းဆက်စကားများနှင့် ကောင်းသော ဆန္ဒများပေးပို့နေစဉ် ဗိုလိုဒီမီးယာ ဇယ်လင်စကီး က ပူတင်အား သေဆုံးဖို့  ဆုတောင်းခဲ့ကြောင်း ပါ တယ်။

“ခရစ္စမတ်အကြိုည မိန့်ခွန်းမှာ ယူကရိန်းသမ္မတက ဗလာဒီမာပူတင်ကို “ဖျက်ဆီးပစ်ပါစေ (သေဆုံးပါစေ ) ” လို့ ဆုတောင်း ခဲ့ပြီး ယူကရိန်းနိုင်ငံသားများ ကို နိုင်ငံအတွက် ငြိမ်းချမ်းရေးလိုမျိုး ပိုကြီးတဲ့ဆန္ဒတစ်ခုအတွက် ဆုတောင်း ပေး ဖို့ တောင်းဆိုခဲ့ပါတယ်” လို့ Russia Today က ဖော်ပြပါတယ်။

ဗိုလိုဒီမီးယာ ဇယ်လင်စကီး က Telegram ချန်နယ်မှာ မိမိ တင်ထားသည့် ဗီဒီယိုမက်ဆေ့ချ်တစ်ခုမှာ မှတ်ချက်များ ကို ယူကရိန်းနယ်မြေအပေါ် ရုရှား၏ တိုက်ခိုက်မှုများ နှင့် ချိတ်ဆက်ပြီး ခရစ္စမတ်အားလပ်ရက်တွေကို အမျိုးသား စည်းလုံးညီညွတ်ရေး၏ အခိုက်အတန့်အဖြစ် ဖော်ပြခဲ့ပါတယ်။

"ဒီနေ့မှာ ကျွန်တော်တို့အားလုံးမှာ အိပ်မက်တစ်ခုရှိတယ် ... သူ့ကို ဖျက်ဆီးပစ်ပါစေ။ ဒါပေမယ့် ဘုရားသခင်ဆီ လှည့်တဲ့အခါ ပိုကြီးတဲ့အရာတစ်ခုကို လိုချင်တာပေါ့" ဟု ဇယ်လင်စကီးက ရုရှားသမ္မတ၏ အမည်ကို မဖော်ပြဘဲ ရည်ညွှန်းပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha