၁၇ ဇန်နဝါရီ ၂၀၂၆ - ၂၃:၅၄
အမေရိကန် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့အား ဆန့်ကျင်ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေ

မင်နီဆိုးတား ပြည်နယ်ရှိ ပြည်သူများသည် အမေရိကန် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ ၏ ပစ်ခတ်မှု နောက်ထပ်ဖြစ်ရပ်တစ်ခုကို ဆန့်ကျင်ရန် လမ်းမများပေါ်တွင် ဆန္ဒပြနေချိန်တွင် မင်နီယာပိုလစ်မြို့ခံ အကြီး အကဲများက ဗဟိုအစိုးရသည် အခြေခံအခွင့်အရေးများကို ချိုးဖောက်နေသည်ဟု တိုက်ရိုက် ပြောကြား လိုက် ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Irna သတင်းဌာန နှင့် Cnn သတင်းဌာန တို့၏ အစီရင်ခံစာ အရ ပြည်သူ့လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် အဖွဲ့ အစည်း (ACLU) သည် ဗဟိုအစိုးရအား ဆန့်ကျင်၍ အိတ်ပန်ကြားလွှာ တစ်စောင် တင်သွင်း ခဲ့ ပြီး လူဝင်မှု ကြီးကြပ်ရေး ရဲတပ်ဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ စတုတ္ထပြင်ဆင်ချက်  ကို ချိုးဖောက် ခဲ့ကြောင်း ဖော်ပြ ခဲ့ကြပါတယ်။

Cnn သတင်းဌာန ၏ အဆိုအရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့အား ဆန့်ကျင်သည့် ဆန္ဒပြပွဲများ အတွင်း ပါဝင်သည့် ဆန္ဒပြသူများကို “ပုန်ကန်မှုတိုက်ဖျက်ရေး ဥပဒေ” အရ အရေးယူမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရပါတယ်။ ဤဥပဒေသည် အထူးအခြေအနေများတွင် ဗဟိုအစိုးရအား ၎င်း၏တပ်ဖွဲ့များကို နေရာချထားခွင့်ပြုထား ကြောင်း သိရပါတယ်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့အား ဆန့်ကျင်ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေ

မင်နီဆိုးတား ပြည်သူများသည် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့မှ အခြားသော ပြည်သူတစ်ဦးကို ပစ်ခတ်ခဲ့ သည့် ဖြစ်ရပ်ကို ဆန့်ကျင်ရန် ထပ်မံလမ်းပေါ်ထွက် ဆန္ဒပြလျက်ရှိပါတယ်။

ယခင်အပတ်က လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့သည် မင်နီဆိုးတားပြည်နယ်တွင် စစ်ဆင်ရေးတစ်ခုပြုလုပ်စဉ် အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့ပြီးနောက် အမေရိကန်ဗဟိုအစိုးရနှင့် ပြည်နယ် အစိုးရကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ထိုဖြစ်ရပ်နောက်ပိုင်းမှစ၍ မင်နီဆိုးတားပြည်သူများသည် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ ဆုတ်ခွာပေးရန် တောင်းဆိုနေကြခြင်း ဖြစ်ပါတယ်။

အခြားတစ်ဖက်တွင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ကာ ဆန္ဒပြပွဲများကို ရပ်တန့်ရန် ကြိုးစားနေကြပါတယ်။ ဤ အတောအတွင်း ဒေသခံ အရာရှိ တစ်ဦးက ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များကို ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး၊ ရဲတပ်ဖွဲ့၏ လုပ်ရပ်များသည် မင်နီယာပိုလစ် မြို့ကို ပဋိပက္ခဖြစ်ပွားရာ မြို့အဖြစ်သို့ ပြောင်းလဲစေခဲ့သည်ဟု ပြောကြားခဲ့ပါတယ်။

Tags

Your Comment

You are replying to: .
captcha