၂၂ ဇန်နဝါရီ ၂၀၂၆ - ၁၆:၁၀
နောက်လာမည့် မျိုးဆက်များအထိ တည်တံ့မည့် ကောင်းမှု

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် နောက်လာမည့် မျိုးဆက်များ အထိ တည်တံ့မည့် ကောင်းမှု နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သိုဟ်ဖို အိုကူးလ် ကျမ်းမှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الصادق (عليه السلام):

بِرُّوا آباءَکُمْ یَبِرَّکُمْ أَبْناؤُکُمْ.

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« သင်တို့၏ မိဘများအား ကောင်းမှုပြုလုပ်ပါ၊ သို့မှသာ သင်တို့၏ ကလေးများကလည်း သင်တို့အား ကောင်းမှု ပြုလုပ် မည် ဖြစ်ပါသည်။ »

ကျမ်းကိုး ။ ။ သိုဟ်ဖို အိုကူးလ် ကျမ်း၊ စာမျက်နှာ ၃၅၉

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ဟဒီးစ်တော် အတိုင်း ကျနော်တို့ တွေ ဘဝတည်ဆောက် နိုင်အောင်  ကြိုးပမ်းရမည် ဖြစ်ပါတယ်။ ယနေ့မိမိတို့ ၏ မိဘများ အပေါ် ကောင်းမှုများ ပြုလုပ်ထားပေးမည်ဆိုလျင် မနက်ဖန် ကျနော်တို့၏ ကလေးများမှလည်း ကျနော်တို့ အပေါ် ကောင်းမှုများ ပြုလုပ်ပေးကြမည် ဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha