၂၃ ဇန်နဝါရီ ၂၀၂၆ - ၀၉:၁၇
အစ္စလာမ့်စနစ်၏ အားနည်းချက်များနှင့် ချို့ယွင်းချက်များကို အခြားသူများရှေ့တွင် ပြောခြင်း

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ မှ အစ္စလာမ့်စနစ်၏ အားနည်းချက်များနှင့် ချို့ယွင်း ချက်များကို အခြားသူများရှေ့တွင် ပြောခြင်း နှင့် ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေး ထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ မှ အစ္စလာမ့်စနစ်၏ အားနည်းချက်များနှင့် ချို့ယွင်းချက်များကို အခြား သူများရှေ့တွင် ပြောခြင်း ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

အချို့လူများသည် (အီရန်) အစ္စလာမ့်အစိုးရ၏ အားနည်းချက်များနှင့် ချို့ယွင်းချက်များနှင့်ပတ်သက်၍ အခြား သူများ ရှေ့တွင် ပြောကြပါသည်။ ထိုသို့သောလူများ၏ စကားများ ကို နားထောင်ခြင်း ၊ အခြားသူများအား  ပြန် ပြော ပြခြင်း နှင့် ပတ်သက်၍ ရှရီအမိန့် မည်သို့လာ ရှိပါသနည်း?

အဖြေ

သစ္စာမဲ့မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ကိုလိုနီပြုမှုကို ရင်ဆိုင်ရာတွင် ခိုင်မာစွာရပ်တည်နေသော အစ္စလာမ် ပြည်သူ့ သမ္မတနိုင်ငံ ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပြီး အသရေဖျက်သည့် မည်သည့်လုပ်ရပ်မဆို အစ္စလာမ် နှင့် မွတ်စ လင်မ် များအတွက် အကျိုးမပြုကြောင်း ထင်ရှားပါသည်။ ထို့ကြောင့် ထိုသို့သော ပြောဆိုမှုများသည် အစ္စလာမ် စနစ် ကို အားနည်းစေပါက နားထောင်ရန် လုံးဝခွင့်မပြုထားချေ။

အကြံပြုချက် -  အထက်ဖော်ပြ ပါ ဖြေကြားချက်ကို ကြည့် ၍  အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပြီး အသရေဖျက်သည့် မည်သည့်လုပ်ရပ်မဆို၊ အရေးအသားမဆို ကို ရှောင်ကြဥ်ရမည် ဖြစ်ပါ တယ်။ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပြီး အသရေဖျက်သည့် မည်သည့် အရေးအသားများကို လည်း မိမိတို့ တတ်နိုင်သည့် အင်အား နှင့် ကာကွယ်ပေးရမည် ဖြစ်ပါတယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

-----------------------------------------------------------------------------------

END / 251

Tags

Your Comment

You are replying to: .
captcha