၂၉ ဇန်နဝါရီ ၂၀၂၆ - ၁၀:၃၅
ထရမ့်၏ ခြိမ်းခြောက်မှုကြေညာချက်အပေါ် နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ ၏ ပြင်းထန် သောတုံ့ပြန် ချက်

ထရမ့်၏ ခြိမ်းခြောက်မှုကြေညာချက်အပေါ် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ မှ ကျွန်ုပ်တို့၏ ရဲရင့်သော လက်နက်ကိုင်တပ်ဖွဲ့များသည် လက်နက်များ၏ ခလုတ် ပေါ် လက်ညှိုးတင် ထားပြီး ရန်လိုမှုဖြစ်ပွား ပါက ချက်ချင်းတုံ့ပြန်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က အမေရိကန် သမ္မတ ထရမ့် ၏ ခြိမ်းခြောက်မှုကြေညာချက်ကို ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပြီး အီရန်၏ ရဲရင့်သော လက်နက်ကိုင် တပ်ဖွဲ့များသည် အပြည့်အဝပြင်ဆင်ထားပြီး အီရန်၏မြေ၊ လေပိုင်နက်နှင့် ပင်လယ်ပြင်တွင် ကျူးကျော်မှု ဖြစ်ပွားပါက လျင်မြန်ပြီး ပြတ်သားသောတုံ့ပြန်မှုပေးရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။   

နိုင်ငံခြား ရေးဝန်ကြီးက ၁၂ ရက်ကြာစစ်ပွဲမှ အဖိုးတန်သင်ခန်းစာတစ်ခုကို ကျွန်ုပ်တို့ရရှိခဲ့ပြီး ယခုတစ်ကြိမ်တွင် ပိုမို အားကောင်းသော၊ မြန်ဆန်သောနှင့် ပြင်းထန်သော တုံ့ပြန်မှုများဖြင့် တုံ့ပြန်ရန်ဖြစ်ကြောင်း ပြောကြား ခဲ့ပါ တယ်။

ဆယက်ဒ် အဘာစ် အီရတ်က်ကျီ ကဆက်လက်ပြီး အမြဲတမ်း တရားမျှတပြီး ညီမျှကာ နှစ်ဖက်အကျိုး အမြတ် အပေါ် အခြေခံထားသော နျူကလီးယား သဘောတူညီချက်ကို ကြိုဆိုကြောင်း အဲဒီလို သဘောတူညီချက် မှာ အင်အား အသုံးပြုမှု၊ ဖိအားပေးမှုနဲ့ ခြိမ်းခြောက်မှုများ မပါဝင်ဖို့ လိုကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။

အီရန်ပြည်သူများ၏ အခွင့်အရေးများနှင့် ငြိမ်းချမ်းသော နျူကလီးယားစွမ်းအင်အသုံးပြုမှုကို အာမခံသည့် သဘောတူညီချက်ကို အီရန်က ကြိုဆိုကြောင်း ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က ထပ်လောင်း ပြောကြားခဲ့ပါ တယ်။

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ  က အီရန်၏ နျူကလီးယား  လုံခြုံရေးအစီအစဉ် ဟာ ငြိမ်းချမ်းရေး အတွက်သာ ဖြစ်ကြောင်း ( နျူကလီးယား ဗုံးလုပ်ဖို့ မဟုတ်ကြောင်း ) အီရန် အနေဖြင့် ဘယ်တုန်းကမှ အဲဒီအစီအစဉ် ( နျူကလီးယား ဗုံးလုပ်ဖို့  ) ဆီ ဦးတည်တဲ့ ခြေလှမ်း တွေ မလှမ်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha