၂၉ ဇန်နဝါရီ ၂၀၂၆ - ၁၀:၄၁
စစ်ပွဲဖြစ်ပွားပါက ရန်သူသည် ဆုံးရှုံး မှု များစွာ ဖြင့် ရင်ဆိုင် ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး စယာရီ ပြောကြား

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ စစ်ဘက်အရာရှိကြီးတစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီး ဟဘီဘွလ္လာဟ် စယာရီ က အီရန်တပ်မတော်သည် မည် သည့် ခြိမ်းခြောက်မှုကိုမဆို ရင်ဆိုင်ရန် အမြဲအသင့်ရှိနေပြီး စစ်ပွဲဖြစ်ပွား ပါက ရန်သူသည် ဆုံးရှုံးမှုများစွာ ကြုံ တွေ့ ရမည်ဟု ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းဌာန ၏ အစီရင်ခံစာအရ ဗိုလ်ချုပ်ကြီး ဟဘီဘွလ္လာဟ် စယာရီ က ကြေညာချက် တစ်စောင်တွင် ကျွန်ုပ်တို့သည် ရန်သူကို အနိုင်ယူရန် အမြဲအသင့်ရှိနေပြီး မြေပြင်၊ လေနှင့် ရေပြင် အပါအဝင် ခြိမ်းခြောက်မှု အားလုံးကို စောင့်ကြည့်နေကြောင်း ပြောကြားခဲ့ပါတယ်။

ဒေသတွင်း အမေရိကန်သင်္ဘောများ ရှိနေခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားမီဒီယာများက ဖန်တီးထားသော လေထု ကို  ရည်ညွှန်း၍ ၁၉၈၀ ခုနှစ်မှစ၍ ကျွန်ုပ်တို့ကို ခြောက်လှန့်ရန် ဖျက်သင်္ဘောများ၏ သံတမန်ရေးကို အကောင် အထည်ဖော်ရန် စီစဉ်နေသော်လည်း ရန်သူ၏ လှည့်စားမှုများကို ကျွန်ုပ်တို့ မကြောက်ရွံ့ကြောင်း ပြောကြား ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ဟဘီဘွလ္လာဟ် စယာရီ က ထိုးစစ်ဆင်တိုက်ခိုက်မှုတစ်ခု ဖြစ်ပေါ်လာပါက ရန်သူသည် ပြင်းထန် သော ဆုံးရှုံးမှုများ ကြုံတွေ့ရမည်ကို ကောင်းစွာသိရှိသောကြောင့် ထိုကဲ့သို့သော အမှားမျိုးကို ထပ်မံပြု လုပ်မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

သေချာသည်တစ်ခုကတော့ အမေရိကန် အနေဖြင့် အီရန် နိုင်ငံအပေါ် ခြိမ်းခြောက်မှု အမျိုးမျိုးသာ ပြုလုပ်နေပြီး အီရတ်၊ အာဖဂန် ၊ ဗင်နီဇွဲလား အပေါ် လုပ်သလို မလုပ်ရဲသည့် အချက် ဖြစ်ပါတယ်။ ထိုပြင် အမေရိကန် နိုင်ငံသား အများစုသည်လည်း အီရန် နိုင်ငံ အပေါ် တိုက်ခိုက်မှု အား သဘောမတူကြသည့် အချက် ဖြစ်ပါတယ်။ အကြောင်း မှာ အီရန် ၏ အင်အား နှင့် စွမ်းရည် ကို ကောင်းစွာ သိရှိနေသည့် အတွက်ကြောင့် ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha