အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အစီရင်ခံစာအရ ဟီးဘရူးသတင်းရင်းမြစ်များသည် ဇိုင်ယွန်နစ်အစိုးရ၏ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ ဓာတ်ပုံကို ထုတ်ဝေခဲ့ပြီး ၎င်း၏ မိုဘိုင်းဖုန်းကင်မရာကို တိတ်အနီ တစ်ခု ဖြင့် ပိတ်ထားသည်ကို မြင်တွေ့နိုင်ပါတယ်။
ဇီယွန်နစ်အစိုးရ၏ ဝန်ကြီးချုပ်က မိမိ၏ မိုဘိုင်းဖုန်းကို ဟက်ခ်ခံရနိုင်မည်ကို စိုးရိမ်နေသောကြောင့် ဖုန်းကင်မရာကို တိတ်ဖြင့် ပိတ်ထားခြင်း ဖြစ်ပါတယ်။ သို့သော် အံ့ဩစရာကောင်းသည်မှာ ထိုအစိုးရကိုယ်တိုင်က ဒေသတွင်းနိုင်ငံများသာမက ကမ္ဘာအနှံ့ရှိ နိုင်ငံများကိုပါ မိမိတို့ တီထွင်ထားသော မကောင်းသော (အန္တရာယ်ရှိသော) အက်ပ်များကို အသုံးပြုပြီး လျှို့ဝှက်စုံစမ်းထောက်လှမ်းခဲ့သည့် မကောင်းသော သမိုင်း မှတ်တမ်းများ ရှိနေခြင်းပင် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သူတစ်ပါး ၏ သတင်း အချက်အလက်များကို လျှို့ဝှက် ထောက်လှမ်းနေပြီး မိမိ တို့သတင်းများ သူတစ်ပါး သိမှာ အလွန်စိုးရိမ် ကြောက်လန့် နေခြင်း ဖြစ်ပါ တယ်။
သတင်းရင်းမြစ်များ၏ အဆိုအရ အစ္စရေးအရာရှိများ၏ မိုဘိုင်းဖုန်းများကို Hanzala အမည်ရှိ ဟက်ကာအဖွဲ့မှ ဟက်ခ်လုပ်ခဲ့ကြောင်း မကြာသေးမီက ထုတ်ဖော်ခဲ့ပြီးနောက် အစ္စရေးအရာရှိများကြားတွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများ သိသိသာသာ မြင့်တက်လာခဲ့ခြင်း ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment