၁ ဖေဖော်ဝါရီ ၂၀၂၆ - ၁၀:၀၉
ယဇ်ဒ်တွင် နံရံများပေါ်တွင် ဆောင်ပုဒ်ရေးသားသူ ၂၁ ဦးကို ဖမ်းဆီး

ယဇ်ဒ်ပြည်နယ်ရဲတပ်ဖွဲ့မှူးက မငြိမ်သက် မှုများ ဖြစ်ပွားခဲ့သည့် ကာလအတွင်း နံရံများပေါ်တွင် ဆောင်ပုဒ်များ ရေးသား ခဲ့သူများကို ရဲတပ်ဖွဲ့ဝင်များက အမျိုးမျိုးသော စစ်ဆင်ရေးများဖြင့် ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် ရုပ်မြင်သံကြား ဌာန  (IRIB)၏ အစီရင်ခံစာအရ ရဲတပ်ဖွဲ့မှူး အဲဟ်မဒ် နေဂဲဟ်ဗာန် က အများ ပြည်သူ လုံခြုံရေး ကို အာမခံရန်နှင့် လူထုအေးချမ်းသာယာရေးကို ချိုးဖောက်သူများကို ဥပဒေအရ အရေးယူရန် ရည်ရွယ် ချက်ဖြင့် ယဇ်ဒ်ပြည်နယ်ရဲတပ်ဖွဲ့က သတိထားဆောင်ရွက်ခဲ့ပြီး အချိန်မီ လုပ်ဆောင်နိုင်မှုကြောင့် မငြိမ်သက်မှု ကာလ အတွင်း ဆောင်ပုဒ်ရေးသားခဲ့သည့် အဓိက ပါဝင်သူ ၂၁ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့မှူးမှ  ထပ်မံပြီး ဤသူများ သည် မငြိမ်သက်မှုများ ဖြစ်ပွားနေစဉ်အတွင်း ဆောင်ပုဒ်များ ရေးသား နေသူများ ဖြစ် ပြီး ရဲတပ်ဖွဲ့ဝင်များ က အမျိုးမျိုးသော စစ်ဆင်ရေးများဖြင့် ဖော်ထုတ်ပြီး ဖမ်းဆီး ခဲ့ခြင်းဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

ယဇ်ဒ်ပြည်နယ်ရဲတပ်ဖွဲ့မှူးက ဆက်လက်ဤအရေးယူမှုသည် ဥပဒေကို အကောင်အထည်ဖော်ရန်နှင့် ပြည်သူများ ၏ စိတ်အေးချမ်းမှုကို ထိန်းသိမ်းရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားလုံခြုံရေးကို ချိုးဖောက်ရန် ကြိုးပမ်းသည့် မည်သည့် လုပ်ရပ်မျိုးမဆို ကိုင်တွယ်နိုင်ရန် ယဇ်ဒ်ရဲတပ်ဖွဲ့၏ အဆင်သင့်ဖြစ်မှုကို ပြသခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

နောက်ဆုံးတွင် ပြည်သူများ၏ စည်းကမ်းနှင့် လုံခြုံရေးကို ထိခိုက်စေရန် ကြိုးပမ်းသူ မည်သူမဆိုကို ဥပဒေအရ တင်းကျပ်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha