အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘင်္ဂလားဒေ့ရှ် အစ္စလာမစ်အသင်း က အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံနှင့် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ အား ခိုင်မာစွာ ထောက်ခံ ကြောင်း တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အီရန်အပေါ် စစ်ရေးအရ ကျူးကျော်မှုမှန်သမျှကို ကမ္ဘာတစ်ဝှမ်း ရှိ မွတ်စလင်မ် များက ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်မည်ဟု သတိပေးခဲ့ပါတယ်။
ကြေညာချက်တွင် အလေးပေးဖော်ပြထားသည်မှာ အီရန်အစ္စလာမ်သမ္မတနိုင်ငံသည် ပြီးခဲ့သော ငါးဆယ်စု အတွင်း ဖိနှိပ်ခံပါလက်စတိုင်းများကို အမြဲတမ်းထောက်ခံခဲ့ ကြောင်း ဖြစ်ပါတယ်။
ထုတ်ပြန်ချက်တွင် လက်ဘနွန်၊ အီရတ်၊ ယီမင်၊ ပါလက်စတိုင်းနှင့် အီရန်နိုင်ငံတို့မှ ပါလက်စတိုင်းလိုလားသော နိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင်များစွာကို မကြာသေးမီက လုပ်ကြံသတ်ဖြတ်မှုများကို ရည်ညွှန်း၍ အမေရိကန် နှင့် ဇီယွန်နစ် အစိုးရတို့သည် အာယာသွလ္လာဟ် ခါမေနာအီ အား ခြိမ်းခြောက်၊ လုပ်ကြံသတ်ဖြတ်ခြင်း ဖြင့် ပါလက်စတိုင်း လွတ်မြောက်ရေးလှုပ်ရှားမှုသည် ထာဝရအဆုံးသတ်သွားလိမ့်မည်ဟု ထင်မြင် ယူဆခဲ့ကြ သော် လည်း ဤအယူအဆမှာ လုံးဝမှားယွင်းကြောင်း ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ် အစ္စလာမစ်အသင်းက « အစ္စလာမ့်နိုင်ငံ အချို့၏ ခေါင်းဆောင်များသည် အမေရိကန်နှင့် အစ္စရေး တို့အပေါ် မှီခိုနေရကြသော်လည်း ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်မ် လူဦးရေ နှစ်ဘီလီယံခန့်သည် ပါလက်စတိုင်း ဘက်တွင် ရပ်တည်နေကြကြောင်း အီရန်ကို ဆန့်ကျင်သည့် စစ်ရေး ကျူးကျော်မှုတစ်ရပ် ဖြစ်ပွားလာပါက ကမ္ဘာ တစ်ဝှမ်းရှိ မွတ်စလင်မ် များသည် ကိုယ့်အသက် နှင့် ပစ္စည်းဥစ္စာများဖြင့် ရှေ့တန်း သို့ ထွက်လာကြမည် ဖြစ်ပြီး မကြာမီ ဇီယွန်နစ် အစ္စရေး အုပ်ချုပ်ရေးအာဏာသည် ကျဆုံးသွားမည်ဖြစ်ကြောင်း အင်န်ရှာအလ္လာဟ် ။» အလေး အနက် ထုတ်ဖော်ပြောကြားထားပါတယ်။
ဒီကြေညာချက်ကို ဘင်္ဂလားဒေ့ရှ် အစ္စလာမ်အသင်းအဖွဲ့မှ သောကြာနေ့ဝတ်ပြုပြီးနောက် ဘိုင်သူလ် မူကာရမ် နိုင်ငံတော် ဆိုင်ရာ ဗလီ၏ မြောက်ဘက်တံခါးရှေ့တွင် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြနေစဉ် ထုတ်ပြန်ခဲ့ခြင်း ဖြစ် ပါတယ်။ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံအပေါ် အမေရိကန်၏ စစ်ရေးကျူးကျော်မှုအစီအစဉ်နှင့် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ကို လုပ်ကြံရန် ခြိမ်းခြောက်မှုကို ကန့်ကွက်သည့်အနေဖြင့် စုဝေးပွဲကျင်း ပခဲ့ခြင်း ဖြစ်ပါတယ်။
ဤအခမ်းအနားတွင် မောင်လာနာ အဘူဆွာလေဟ် အပြင် မောင်လာနာ အေဆွာမ် အဗ်ဒိုလ်ဟမီးဒ် ၊မောင်လာနာ ခိုင်ရူလ် အစ္စလာမ်၊ မောင်လာနာ အဘူလ် ခိုင်ရာ၊ မောင်လာနာ မတ်သ်ဝါလ် ဟိုစိုင်းန် နှင့် အခြား အာလင်မ်များ က မိန့်ခွန်းများ ပြောကြားခဲ့ကြခဲ့ပါတယ်။
မိန့်ခွန်း၏ တစ်စိတ်တစ်ပိုင်းတွင် မောင်လာနာ အေဆွာမ် အဗ်ဒိုလ်ဟမီးဒ် က တမန်တော်မြတ်၏ ဟဒီးစ်တစ်ခုကို ကိုးကား၍ မွတ်စလင်မ် အွမ်မသ် သည် တစ်ခုတည်းသော ခန္ဓာကိုယ်နှင့်တူကြောင်း ကမ္ဘာပေါ်တွင် မွတ်စလင်မ် များ တိုက်ခိုက်ခံရသည့်နေရာတိုင်းတွင် ကျွန်ုပ်တို့ ကန့်ကွက်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
မောင်လာနာ အေဆွာမ် အဗ်ဒိုလ်ဟမီးဒ် က ဆက်လက်ပြီး အစ္စလာမ်ဘာသာ၏ အစောပိုင်းစစ်ပွဲများ ၏ သမိုင်းကြောင်းကို ရည်ညွှန်းပြီး တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) လက်ထက်မှာ ဂျူးများဟာ စစ်ပွဲမှာ ရှုံးနိမ့်ပြီး ခိုင်းဗရ် ကနေ နှင်ထုတ်ခံခဲ့ရကြောင်း ဒီနေ့ခေတ် အစ္စရေးဟာ ပိုမိုကြီးမားသည့် အစ္စရေးနိုင်ငံကို တည်ထောင်ဖို့ ကြိုးစားနေကြောင်း သူတို့ဟာ ဆီးရီးယား၊ အီရတ်နဲ့ မဒီနာကိုတောင် သိမ်းပိုက်လိုကြောင်း မွတ်စလင်မ် များ စည်းလုံးညီညွတ်ရင် သူတို့အတွက် လွတ်မြောက်ရာလမ်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment