အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
: قال الامام المهدي عليه السلام
.إنَّ اللَّهَ بَعَثَ مُحَمَّداً رَحمَةً لِلعالَمينَ و تَمَّمَ بِهِ نِعمَتَهُ
အေမာမ် မဲဟ်ဒီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အနန္တတန်ခိုးရှင် အလ္လာဟ်အရှင်မြတ်သည် တမန်တော် မိုဟမ္မဒ် (ဆွ) အား မဗ်အူစ် ပြုတော် မူခဲ့ပါသည်။ အကြောင်း သည်ကား စကြဝဠာအပေါင်း တို့အား ကရုဏာတော် ဖြစ်စေရန်နှင့် (ကိုယ်တော်မြတ်(ဆွ) ကို အကြောင်းခံပြီး ) မိမိ နေအ်မသ် (ကောင်းချီးမင်္ဂလာ ) ကို ပြီးမြောက် ပြည့်စုံ စေရန် ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၅၃ ၊ စာမျက်နှာ ၁၉၄
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် တမန်တော် မိုဟမ္မဒ် (ဆွ) အား မဗ်အူစ် ဖြစ်ရသည့် ရည်ရွယ်ချက်ကို ထင်ရှားစွာ သိရှိရမည် ဖြစ်ပါတယ်။ ကျမ်းတော် မြတ်ကုရ်အာန် တွင် လည်း စူရဟ် အန်ဗီယာ ၏ အာယသ်တော် ၁၀၇ တွင် « ထိုပြင် အသင် (မိုဟမ္မဒ် (ဆွ) ) အား စကြဝဠာအပေါင်း အတွက် ဂရုဏာတော် ရှင် အဖြစ် စေလွတ် တော်မူခဲ့ ခြင်း ဖြစ်ပါသည်။» ဟု လာရှိပါတယ်။ ဤအတွက်ကြောင့် ကျနော်တို့ အနေဖြင့် ကိုယ်တော်မြတ် (ဆွ) နောက်လိုက် နောက်သား ကောင်း ပီသ ရန် ဂရုဏာ တရား ကို လက်ကိုင်ထားရန် ကြိုးစားရမည်ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment