၉ ဖေဖော်ဝါရီ ၂၀၂၆ - ၂၃:၅၆

အေမာမ် မဲဟ်ဒီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ကိုယ်တော်မြတ် (ဆွ) မဗ်အက်စ် ဖြစ်ရခြင်း ၏ အကြောင်းအရင်း နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

: قال الامام المهدي‌ عليه السلام

.إنَّ اللَّهَ بَعَثَ مُحَمَّداً رَحمَةً لِلعالَمينَ و تَمَّمَ بِهِ نِعمَتَهُ

အေမာမ်  မဲဟ်ဒီ (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«  အနန္တတန်ခိုးရှင် အလ္လာဟ်အရှင်မြတ်သည် တမန်တော် မိုဟမ္မဒ် (ဆွ) အား မဗ်အူစ် ပြုတော် မူခဲ့ပါသည်။ အကြောင်း သည်ကား စကြဝဠာအပေါင်း တို့အား ကရုဏာတော် ဖြစ်စေရန်နှင့် (ကိုယ်တော်မြတ်(ဆွ) ကို အကြောင်းခံပြီး ) မိမိ နေအ်မသ် (ကောင်းချီးမင်္ဂလာ )  ကို ပြီးမြောက် ပြည့်စုံ စေရန် ဖြစ်ပါသည်။   »

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၅၃ ၊ စာမျက်နှာ ၁၉၄

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် တမန်တော် မိုဟမ္မဒ် (ဆွ) အား မဗ်အူစ် ဖြစ်ရသည့် ရည်ရွယ်ချက်ကို ထင်ရှားစွာ သိရှိရမည် ဖြစ်ပါတယ်။ ကျမ်းတော် မြတ်ကုရ်အာန် တွင် လည်း  စူရဟ် အန်ဗီယာ ၏ အာယသ်တော် ၁၀၇ တွင် « ထိုပြင် အသင် (မိုဟမ္မဒ် (ဆွ) ) အား    စကြဝဠာအပေါင်း  အတွက် ဂရုဏာတော် ရှင် အဖြစ် စေလွတ် တော်မူခဲ့ ခြင်း ဖြစ်ပါသည်။» ဟု လာရှိပါတယ်။ ဤအတွက်ကြောင့် ကျနော်တို့ အနေဖြင့် ကိုယ်တော်မြတ် (ဆွ) နောက်လိုက် နောက်သား ကောင်း ပီသ ရန် ဂရုဏာ တရား ကို လက်ကိုင်ထားရန် ကြိုးစားရမည်ဖြစ်ပါတယ်။ 

****************************************************************

END / 251                                                                                                        

Tags

Your Comment

You are replying to: .
captcha