အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အစီရင်ခံစာအရ ဆော်ဒီအာရေဗျဘုရင် စလ်မာန် ဘင်န် အဗ်ဒိုလ်အဇီးဇ် အာလေ စအူဒ် နှင့် အိမ်ရှေ့စံမင်းသား မိုဟမ္မဒ် ဘင်န် စလ်မာန် တို့သည် အစ္စလာမ်မစ်တော်လှန်ရေးအောင်ပွဲ နှစ်ပတ်လည်နေ့တွင် အီရန်အစိုးရနှင့် ပြည်သူများသို့ သီးခြားဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြပါတယ်။
ဘုရင် စလ်မာန် ဘင်န် အဗ်ဒိုလ်အဇီးဇ် အာလေ စအူဒ် သည် အစ္စလာမ်မစ်တော်လှန်ရေး အောင်ပွဲခံသည့် နှစ်ပတ်လည်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၁ရက်နေ့ ၊ ၂၀၂၆ ခုနှစ် ရက်နေ့တွင် ကျင်းပသော အစ္စလာမ်မစ် တော်လှန်ရေး နှစ်ပတ်လည်နေ့ တွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း အား ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။ ဆော်ဒီဘုရင်သည် သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း ၏ ကျန်းမာရေး နှင့် ပျော်ရွှင်မှုအတွက် ဆုတောင်းပေးခဲ့ပြီး အီရန်အစိုးရနှင့် ပြည်သူများအတွက် ဆက်လက်တိုးတက်ပြီး ပျော်ရွှင် စေရန် မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါတယ်။
အလားတူပင် သီးခြားသတင်းစကားတစ်ခုတွင် ဆော်ဒီအိမ်ရှေ့စံ မိုဟမ္မဒ် ဘင်န် စလ်မာန် အဗ်ဒိုလ် အဇီးဇ် အာလေ စအူဒ် သည် အစ္စလာမ်မစ်တော်လှန်ရေး နှစ်ပတ်လည်နေ့တွင် သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း အား ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။
အိမ်ရှေ့မင်းသားက အီရန်သမ္မတ၏ ကျန်းမာရေးနှင့် အောင်မြင်မှုအတွက် အီရန်နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှုအတွက် ဆုမွန်ကောင်းတောင်းကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment