၄ မတ် ၂၀၂၆ - ၁၃:၃၆
ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ် ၏ ရှဟာဒသ် အပေါ် အာမေးနီးယန်း ခရစ်ယာန် ဘာသာရေးခေါင်းဆောင်၏ ဝမ်းနည်းကြောင်းသဝဏ်လွှာ

အာမေးနီးယန်း ခရစ်ယာန် ဘာသာရေးခေါင်းဆောင်သည် အီရန်သမ္မတနှင့် ပြည်သူများအား အီရန် အထွတ်အထိပ်ခေါင်းဆောင် ၏ ရှဟာဒသ် အပေါ် ဝမ်းနည်းကြောင်း ဖော်ပြရင်း၊ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံအပေါ် စစ်ရေးတိုက်ခိုက်မှုများအပေါ် မိမိ၏ အလွန် စိုးရိမ်မှုကို ထုတ်ဖော်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အာမေးနီးယန်း ခရစ်ယာန် ဘာသာရေးခေါင်းဆောင် Karekin II သည် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း ထံ ပေးပို့သည့် သဝဏ်လွှာတွင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အီရန်နိုင်ငံသားများ ရှဟာဒသ် ခံယူသွား ခြင်းအတွက် မိမိ၏ ဝမ်းနည်းကြောင်းကို ဖော်ပြခဲ့ပြီး၊ မိတ်ဆွေ အီရန်ပြည်သူများ၏ ငြိမ်းချမ်းပြီး လုံခြုံသောဘဝကိုလည်း ဆုတောင်းပေးခဲ့ကြောင်း ဆိုထားပါတယ်။

ထို့အပြင် မိမိအနေဖြင့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အပေါ် စစ်ရေးတိုက်ခိုက်မှုများအပေါ် အလွန်  စိုးရိမ်မှုကိုလည်း ထုတ်ဖော်ခဲ့ပါတယ်။

ထိုနည်းတူစွာ ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ (ရ.ဟ) ၏ ရှဟာဒသ် အတွက် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မူစာ  ရှိုဗိုင်ရီ ဇန်ဂျာနီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နူးရ်ရီ ဟမ်ဒါန်နီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာနီ စသည်တို့ မှ အသီးသီး ဝမ်းနည်း ကြောင်း သဝဏ်လွှာ များရေးသားခဲ့ကြပါတယ်။  

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Your Comment

You are replying to: .
captcha