အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی اللہ علیه وآله وسلم :
أَیْنَ مِثْلُ خَدِیجَةَ، صَدَّقَتْنِی حِینَ کَذَّبَنِی النَّاسُ وَ وَازَرَتْنِی عَلَی دِینِ اللَّهِ وَ أَعَانَتْنِی عَلَیْهِ بِمَالِهَا...
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
« အဘယ်သူသည် ခဒီဂျဟ် နှင့် တူနိုင်မည်နည်း? လူများက ကျွန်ုပ်ကို သက်ဝင် မယုံကြည်ခဲ့သည့်အချိန်တွင် သူမက ကျွန်ုပ်ကို သက်ဝင် ယုံကြည်ပေးခဲ့ပါသည်။အလ္လာဟ် ဟို အရှင်မြတ် သခင်၏ သာသနာအတွက် ကျွန်ုပ်နှင့် အတူ ရပ်တည်ကာ၊ မိမိ၏ ပစ္စည်းဥစ္စာဖြင့်လည်း ကျွန်ုပ်ကို ကူညီထောက်ပံ့ခဲ့ပါသည် … ။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၄၃ ၊ စာမျက်နှာ ၁၃၁
သတိပြုရန် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် ဟဇရသ် ခဒီဂျဟ် (စ.အ) ၏ ကြီးကျယ် မြင့်မြတ် မှု သိသာထင်ရှားစွာ သိနိုင်မည် ဖြစ်ပါတယ်။ ဟဒီးစ်တော် အရ သခင်မကြီး (စ.အ) တွင် ပါဝင်သည့် အဓိက အချက် သုံးချက် ကို သိရှိရမှာဖြစ်ပါတယ်။ ၁။ ယုံကြည်မှု၏ ဦးဆုံးသူဖြစ်ပါတယ်။ လူအများက တမန်တော် မြတ် (ဆွ) ကို သက်ဝင် မယုံကြည်ဘဲ ငြင်းပယ်နေသည့်အချိန်တွင် ဟဇရသ် ခတီဂျဟ် (စ.အ) က အရင်ဆုံး သက်ဝင် ယုံကြည်လက်ခံပေးခဲ့ပါတယ်။ ၂။ သာသနာအတွက် အတူရပ်တည်သူဖြစ်ပါတယ်။ အလ္လာဟ် ဟို အရှင်မြတ် သခင်၏ သာသနာ ပြန့်ပွားတိုးတက်ရေးအတွက် သခင်မကြီးသည့် စိတ်ဓာတ်အားဖြင့်သာမက လက်တွေ့လုပ်ရပ်ဖြင့်ပါ တမန်တော် မြတ် (ဆွ) ကို ထောက်ခံကူညီခဲ့ပါတယ်။ ၃။ ပစ္စည်းဥစ္စာဖြင့် ကူညီ ထောက်ပံ့မှုပြုသူဖြစ်ပါတယ်။ မိမိ၏ စည်းစိမ်ဥစ္စာအားလုံးကို သာသနာအတွက် အသုံးချကာ အခက်အခဲ ကာလများတွင် တမန်တော် မြတ် (ဆွ) ကို အပြည့်အဝ ကူညီခဲ့သူဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment