၉ မတ် ၂၀၂၆ - ၁၈:၀၈
အမေရိကန်၊ဇီယွန်နစ် တိုက်ခိုက်မှုကြောင့် အယ်လ်ဘော့ဇ် ပြည်နယ်ရှိ ဒိုင်ယာလစ်စင် စင်တာ ပျက်စီးသွား

အမေရိကန်နှင့် ဇီယွန်နစ် အစိုးရတို့သည် စနေနေ့ည (မတ်လ ၇ ရက်၊ ၂၀၂၆ ခုနှစ် ) တွင် တီဟီရန်မြို့တော်၏ အနောက်ဘက်ရှိ အယ်လ်ဘော့ဇ် ပြည်နယ်၏ မြို့တော် ကရာ့ဂျ် မြို့တွင် တည်ရှိသော အကြီးစား ရေနံ သိုလှောင်ရုံ တစ်ခုကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြပါတယ်။ ထိုတိုက်ခိုက်မှုကြောင့် ပြည်နယ်ရှိ အရေးကြီး သော ကျောက်ကပ် ရောဂါနှင့် ဒိုင်ယာလစ်စင် ကုသရေးစင်တာတစ်ခု လုံးဝပျက်စီးသွားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Irna သတင်းဌာန ၏ အစီရင်ခံစာအရ အယ်လ်ဘော့ဇ် ဆေးတက္ကသိုလ်၏ ဥက္ကဌ ဖြစ်သော ရှဟ်ရာမ် ဆယာဒီ က ဤ ရက်စက်သည့်  တိုက်ခိုက်မှုတွင် စွမ်းအင်ဆိုင်ရာ အဆောက်အဦများအပြင် ဆေးဘက်ဆိုင်ရာ အဆောက် အဦများ ကိုလည်း ပစ်မှတ်ထားခဲ့ပြီး ယင်းသည် လူသားရေးဆိုင်ရာ မူဝါဒများနှင့် နိုင်ငံတကာ ဥပဒေများ အားလုံးကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက ထပ်မံပြောကြားရာတွင် လူ့အခွင့်အရေးကို ကာကွယ်ကြောင်း ဆိုသူများသည် မိမိတို့၏ မျက်နှာဖုံးကို ဖြုတ်ချ လိုက်ပြီး သာမန်ပြည်သူများ၏ ကျန်းမာရေးနှင့် သာယာဝပြောမှုကို အမှန်တကယ် ဂရုမစိုက်ကြောင်း ပြသ လိုက်ကြ သည်ဟု ဆိုပါတယ်။

ရှဟ်ရာမ် ဆယာဒီ က ဆက်လက်၍ ထို ဒိုင်ယာလစ်စင် စင်တာတွင် အိပ်ရာ ၃၅ လုံး ရှိပြီး ဒေသအတွင်းရှိ ကျောက်ကပ် ရောဂါခံစားနေရသော ပြည်သူများ၏ ကျန်းမာရေးသည် ထိုစင်တာနှင့် တိုက်ရိုက် ဆက်စပ် နေကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် စနေနေ့ညတွင် အမေရိကန် နှင့် ဇီယွန်နစ် အစိုးရတို့သည် တီဟီရန်မြို့တော် ရှိ ရေနံသိုလှောင်ရုံ သုံးခု ကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပြီး ထိုကြောင့် မြို့တစ်ခုလုံးတွင် မီးခိုးများ ပြန့်နှံ့သွားကာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြင်းထန်သော ရောဂါများ ဖြစ်ပွားနိုင်သည့် အန္တရာယ် မြင့်တက်လာခဲ့သည်။

မီးသတ်သမားများနှင့် ကယ်ဆယ်ရေး အဖွဲ့များ၏ ကြိုးပမ်းမှုကြောင့် တနင်္ဂနွေနေ့ (မတ်လ ၈ ရက်၊၂၀၂၆ခုနှစ် ) ညနေပိုင်း အထိ မီးကို အများအားဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟု သိရတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြည်သူ့အဆောက်အဦများကို ပစ်မှတ်ထားသည့် အမေရိကန် နှင့် ဇီယွန်နစ် အစိုးရတို့၏ လုပ်ရပ်ကို ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်ဖြစ်ပြီး ဓာတု တိုက်ခိုက်မှုနှင့် တူညီသကဲ့သို့ စစ်ရာဇဝတ်မှုတစ်ရပ် ဖြစ်ကြောင်း သတ်မှတ်ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha