၁၂ မတ် ၂၀၂၆ - ၁၄:၀၂
အမေရိကန်နှင့် အစ္စရေးတို့က အီရန်ရှိ ဘဏ်တစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း၊ ပြန်လည်တုံ့ပြန်မည်ဟု ကြေညာ

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ စစ်တပ်၊ ခါသန်မိုလ်အန်ဗီယာ(ဆွ) ဌာနချုပ်က ကြေညာချက် ထုတ်ပြန်ရာ တွင် အကြမ်းဖက် အမေရိကန် စစ်တပ်နှင့် ဇီယွန်နစ် အစ္စရေး အစိုးရသည် စစ်ရေး အခြေစိုက် စခန်းများကို တိုက်ခိုက်ရာတွင် မအောင်မြင်ခဲ့ပြီးနောက် အီရန်ရှိ ဘဏ်တစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Irna သတင်းဌာန ၏ အစီရင်ခံစာအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ စစ်တပ်၊ ခါသန်မိုလ် အန်ဗီယာ(ဆွ) ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ကော်လနယ် အီဗရာဟီးမ် ဇိုလ်ဖေကာရီ က မတ်လ ၁၁ရက်နေ့ ၂၀၂၆ ခုနှစ် ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့ပြီး အမေရိကန်နှင့် ဇီယွန်နစ် အစ္စရေး အစိုးရတို့က အီရန်ရှိ ဘဏ်တစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလုပ်ရပ်အတွက် တုံ့ပြန်အဖြစ် ဒေသအတွင်းရှိ အမေရိကန်နှင့် ဇီယွန်နစ် အစိုးရတို့၏ စီးပွားရေးဆိုင်ရာ အခြေစိုက်စခန်းများနှင့် ဘဏ်များကို ပစ်မှတ်ထားတိုက်ခိုက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကော်လနယ် အီဗရာဟီးမ် ဇိုလ်ဖေကာရီက အမေရိကန်တို့အနေဖြင့် မိမိတို့အားနာကျင်စေမည့် ပြန်လည်တုံ့ပြန်မှု ကို စောင့်ဆိုင်းနေပါဟု ထပ်မံ ပြောကြားခဲ့ပါတယ်။

ထို့အပြင် ဒေသရှိ ပြည်သူများကိုလည်း ဘဏ်များမှ အနည်းဆုံး တစ်ကီလိုမီတာခန့် အကွာအဝေးတွင် နေထိုင်ရန် သတိပေး ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha