အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အစ္စလာမ့် လွှတ်တော် ဥက္ကဋ္ဌ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် က လူမှုမီဒီယာပလက်ဖောင်း X တွင် တင်ထားသော ကြေညာချက်တစ်ရပ်တွင် « အမိနိုင်ငံတော် သို့မဟုတ် သေခြင်း » ဟု ရေးသားခဲ့ပါတယ်။
ထို့အပြင် အီရန်ကျွန်းများပေါ်တွင် မည်သည့် ရန်လိုကျူးကျော်မှုမျိုး ဖြစ်ပေါ်လာပါက ယခင်ရှိခဲ့သော ကန့်သတ်ချက်အားလုံး ပျက်ပြယ်သွားမည်ဟုလည်း အီရန် လွှတ်တော် ဥက္ကဋ္ဌ က ထပ်မံ ရှင်းလင်း ပြောကြား ခဲ့ပါ တယ်။
မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် က အီရန်သည် ယခင်ထိန်းသိမ်းထားခဲ့သော သည်းခံမှုအားလုံးကို စွန့်လွှတ် မည်ဖြစ်ပြီး ပါရှန်း ပင်လယ်ကွေ့တွင် ကျူးကျော်သူများ၏ သွေးကို စီးဆင်းစေမည်ဟု အခိုင်အမာ ပြောကြား ခဲ့ပါတယ်။
ထို့ပြင် အမေရိကန်စစ်သားများ သေဆုံးမှုများ ၏ တာဝန်အားလုံးသည် သမ္မတ ထရမ့်အပေါ်တွင် ကျရောက်မည် ဖြစ်ကြောင်းလည်း သတိပေးခဲ့သည်။
ဤကြေညာချက်သည် ဒေသတွင်း တင်းမာမှုများ ဆက်လက်မြင့်တက်နေသည့် အခြေအနေအောက်တွင် ထွက်ပေါ် လာခြင်း ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment