၁၆ မတ် ၂၀၂၆ - ၂၃:၅၉
ရှဟီးဒ်  ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နောက်ဆုံးအချိန် အထိ ထင်ရှား ပြတ်သား နေသော အမြင်ကျယ်မှု

ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ဖေဖော် ဝါရီလ ၁၇ ရက်နေ့ မှာ မိန့်ကြားခဲ့သည့် မိန့်ခွန်း တစ်ခုကိုတင်ပြပါမယ်။ ရှဟီးဒ် မိန့်ခဲ့သည့် အတိုင်း ယခု လက်ရှိ အခြေအနေမှာ အကြမ်းဖက် အမေရိကန် နှင့် အကြမ်းဖက် အစ္စရေး ရင်ဆိုင်နေရပြီး ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ လုပ်ကြံမခင်ရခင် ဖေဖော် ဝါရီလ ၁၇ ရက်နေ့ မှာ မိန့်ကြားခဲ့သည့် မိန့်ခွန်း တစ်ခုကိုတင်ပြပါမယ်။ ရှဟီးဒ် မိန့်ခဲ့သည့် အတိုင်း ယခု လက်ရှိ အခြေအနေမှာ အကြမ်းဖက် အမေရိကန် နှင့် အကြမ်းဖက် အစ္စရေး ရင်ဆိုင် နေရပြီး ဖြစ်ပါတယ်။

ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မိန့်ခဲ့သည်ကား - 

«   ကမ္ဘာပေါ်တွင် အင်အားအကောင်းဆုံး စစ်တပ်ပင် ဖြစ်ပါစေ ၊ တစ်ခါတစ်ရံ အလွန်ပြင်းထန်သော ထိုးနှက်မှုကို ခံရပြီး နေရာမှတောင် ပြန်မထနိုင်သည့် အခြေအနေသို့ ရောက်နိုင်ပါ တယ် ။ »

ရှဟီးဒ်၏ မိန့်ကြားချက်အတိုင်း အကြမ်းဖက် အမေရိကန်နှင့် အကြမ်းဖက် အစ္စရေးတို့သည် အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်၏ ပြန်လည်တုံ့ပြန် တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ထိခိုက်နစ်နာခဲ့ကြပါတယ်။ နှစ်ပေါင်းများစွာ ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျစေကာ ပါရှန်ပင်လယ်ကွေ့ဒေသနှင့် အရှေ့အလယ်ပိုင်းရှိ နိုင်ငံများတွင် တည်ဆောက်ထားသည့် စစ်အခြေစိုက်စခန်းများမှာလည်း အများစု ဖျက်စီးခံထားရပြီး ဖြစ်ပါတယ်။ ထို့အပြင် သေဆုံးသူများနှင့် ဒဏ်ရာရသူများလည်း အများအပြား ရှိနေသော်လည်း ထိုအချက် အလက်များကို တရားဝင် ထုတ်ပြန်ရန်ပင် မရဲသော အခြေအနေ ဖြစ်နေပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha