အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကာဘူးလ် လေဆိပ်အနီးရှိ မူးယစ်ဆေးစွဲမှု ကုသရေးစင်တာတစ်ခုကို ပါကစ္စတန် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် လူရာနှင့်ချီ သေဆုံးခြင်းနှင့် ဒဏ်ရာရခြင်းများ ဖြစ်ပွားခဲ့ပါတယ်။
ကာဘူးလ် နှင့် အစ္စလာမ်အာဗါဒ် ကြား မကြာသေးမီက ဖြစ်ပွားခဲ့သော တင်းမာမှုများအပြီးတွင် ဤ တိုက်ခိုက်မှုကို မတ်လ ၁၆ ရက်နေ့ ည တွင် အာဖဂန်နစ္စတန် ၏ လေကြောင်းပိုင်နက်ကို ချိုးဖောက်၍ ဆောင်ရွက်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားပါတယ်။ ထိုတိုက်ခိုက်မှုကြောင့် ကာဘူးလ်မြို့တော်ရှိ “Omid” မူးယစ်ဆေးစွဲမှု ကုသရေးစင်တာမှာ အကြီးအကျယ် ပျက်စီးသွားခဲ့ပြီး ထိုနေရာတွင် ရှိနေသော အရပ်သား အများအပြား သေဆုံးခြင်းနှင့် ဒဏ်ရာရခြင်းများ ဖြစ်ပွားခဲ့ပါတယ်။
တာလီဘန် အစိုးရက ထိုတိုက်ခိုက်မှု၏ ထိခိုက်ဆုံးရှုံးမှုအကြောင်း ပြောကြားရာတွင် ယခုအချိန်အထိ လူပေါင်း ၄၀၀ ခန့် သေဆုံးခဲ့ပြီး ၂၅၀ နီးပါး ဒဏ်ရာရရှိထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူများက ကယ်ဆယ်ရေးအဖွဲ့များသည် အဖြစ်အပျက် ဖြစ်ပွားရာနေရာတွင် ဆက်လက် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပြီး အပျက်အစီးများကို ရှင်းလင်းနေဆဲ ဖြစ်သဖြင့် သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်းလည်း သတိပေးထားပါတယ်။
အာဖဂန် ကျွမ်းကျင်သူများက ထိုတိုက်ခိုက်မှုသည် ရည်ရွယ်၍ ဖြစ်စေ မရည်ရွယ်ဘဲ ဖြစ်စေ အရပ်သားများကို သတ်ဖြတ်မှု ဖြစ်ပြီး စစ်ရာဇဝတ်မှု (War Crime) တစ်ရပ်အဖြစ် ပြည့်စုံစွာ သတ်မှတ်နိုင်ကြောင်း ထောက်ပြထားကြပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment