အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နာမည်ကြီး ယူဒေး၊ အစ္စရေး စာရေးဆရာနှင့် သုံးသပ်သူ အာလွန် မစ်ဇရာဟီ (Alon Mizrahi) သည် အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပါတယ်။
သူက ရေးသားထားသည်မှာ - အီရန်သည် တဲလ်အဗစ်ရှိ အစ္စရေး၏ အကြီးဆုံးရထားဘူတာရုံများထဲမှ တစ်ခုကို ဖျက်ဆီးခဲ့ပြီး ယင်းကြောင့် နိုင်ငံတစ်ဝန်း ရထားဖြင့် ခရီးသွားလာမှု၏ အများစုကို ရပ်တန့်သွားစေနိုင်ခဲ့ကြောင်း ဖြစ်ပါတယ်။
ရထားလှုပ်ရှားမှု ရပ်တန့်သွားခြင်းသည် အစ္စရေးတွင် အများပြည်သူအတွက် သယ်ယူပို့ဆောင်ရေးစနစ်ကြီး မရှိတော့ သကဲ့သို့ ဖြစ်သွားပြီး လမ်းများမှာ ပုံမှန်အားဖြင့် ယာဉ်ကြောပိတ်ဆို့မှု ပြင်းထန်လေ့ရှိပါတယ်။
လမ်းကြောင်းများပေါ်ရှိ တံတားအချို့ ဖျက်ဆီးခံရပါက နိုင်ငံ၏ အလယ်ပိုင်းဒေသတစ်ခုလုံးသည် လုံးဝ ပိတ်ဆို့ ပြီး ရပ်တန့်သွားနိုင်ကြောင်း သိရပါတယ်။
အာလွန် မစ်ဇရာဟီက ထပ်မံ၍ ဤဖြစ်ရပ်သည် စစ်ရေးအရလည်း ကျယ်ပြန့်သော သက်ရောက်မှုများ ရှိသည်ဟု ဆိုပါတယ်။ ရထားသည် အစ္စရေးတပ်မတော် (IDF) စစ်သားများ၏ အဓိက သယ်ယူပို့ဆောင်ရေး နည်းလမ်း ဖြစ်ကြောင်း လည်းဆိုထားပါတယ်။
ထို့ထက်ပို၍ အရေးကြီးသည်မှာ အရန်တပ်ဖွဲ့များကို အများအပြား ခေါ်ယူရမည့် အခြေအနေများတွင် စစ်သားများကို မြောက်ဘက် သို့မဟုတ် တောင်ဘက်သို့ အမြောက်အများ ရွှေ့ပြောင်းပို့ဆောင်ခြင်းမှာ အလွန်ခက်ခဲသွားမည်ဖြစ်ပါတယ်။ ဤဖြစ်ရပ် သည် စစ်ရေးထောက်ပံ့ရေးအတွက် ပြီးပြည့်စုံသော အိပ်မက် ဆိုးတစ်ခု ဖြစ်လာမည်ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment