၁၉ မတ် ၂၀၂၆ - ၂၃:၅၂
တာလီဘန် ဝန်ကြီး က အစ္စလာမ်နိုင်ငံများသည် အီရန်ကို တိုက်ခိုက်မှုများအပေါ် မဆိတ်ငြိမ်သင့်ကြောင်း ပြောကြား

တာလီဘန်အစိုးရ၏ ရွှေ့ပြောင်းနေထိုင်သူရေးရာ ဝန်ကြီး အီးဒ်ဖေသွ်ရ် မိန့်ခွန်းတွင် ဒေသတွင်း တင်းမာမှုများ တိုးလာနေခြင်းကို ရည်ညွှန်းကာ အီရန်ကို ဆန့်ကျင်သည့် မကြာသေးမီက တိုက်ခိုက်မှုများကို ရှုတ်ချခဲ့ပြီး အစ္စလာမ်နိုင်ငံများအနေဖြင့် ယင်းကိစ္စအပေါ် မသိသလို မနေသင့်ကြောင်း တောင်းဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တာလီဘန်အစိုးရ၏ ရွှေ့ပြောင်းနေထိုင်သူရေးရာ ဝန်ကြီး နှင့် ပြန်လည်ရောက်ရှိလာသူများဆိုင်ရာ ဝန်ကြီး မိုဟမ္မဒ် အဗ်ဒိုလ်ကဘီးရ် သည် အာဖဂန်နစ္စတန်တွင် ကျင်းပသော အီးဒ်ဖေသွ်ရ် အထိမ်းအမှတ် မိန့်ခွန်းတွင် ဒေသအတွင်း မကြာသေးမီက ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို ရည်ညွှန်းပြောကြားပြီး ပါရှန်း ပင်လယ်ကွေ့ဒေသ၏ အခြေအနေသည် စိုးရိမ်ဖွယ်ဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။

သူက ဇီယွန်ဝါဒ အစိုးရနှင့် အမေရိကန်ပြည်ထောင်စုတို့က အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံအပေါ် ပြုလုပ်သည့် တိုက်ခိုက်မှုများကို ရှုတ်ချ ခဲ့ပြီး ထိုလုပ်ရပ်များသည် ဒေသတွင်း တင်းမာမှုများကို ပိုမို တိုးမြှင့် စေကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် အစ္စလာမ်နိုင်ငံများအနေဖြင့် ယင်းတိုက်ခိုက်မှုများအပေါ် အမြင်ရှင်းလင်းစွာ ထုတ်ဖော်ကြရန်နှင့် မသိ သလို မနေကြရန် လည်း သူ တောင်းဆိုခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha