အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA သတင်းဌာန ၏ အစီရင်ခံစာအရ ကူဘာ နိုင်ငံခြားရေးဝန်ကြီး ဘရူးနို ရိုဒရီဂတ်စ်သည် မိမိ ၏ X လူမှုကွန်ရက်စာမျက်နှာတွင် အီရန် နော်ရူးဇ် ပွဲတော် နှင့်ပတ်သက်၍ မိမိ ၏ ခံစားချက်ကို အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။
« အီရန်ပြည်သူများ နှင့် အီရန်နှစ်သစ်ကူး (နော်ရူးဇ်) ကိုပွဲတော် ပြုကြသည့် လူ ၃ သန်းကျော်အထဲတွင် ကျွန်ုပ်တို့ လည်း ပါဝင်ဆင်နွှဲနေပါတယ်။ »
ဆက်လက်ပြီး ကူဘာ နိုင်ငံခြားရေးဝန်ကြီး ဘရူးနို ရိုဒရီဂတ်စ် က ယခုနှစ် နော်ရူးဇ်သည် ကမ္ဘာတစ်ဝှမ်းရှိ စစ်ပွဲများနှင့် ကြမ်းကြုတ်မှုများကို မေ့လျော့စေပြီး ပိုမိုသော ငြိမ်းချမ်းရေး နှင့် မျှော်လင့်မှုကို ပိုမို၍ သတိရစေကြောင်း ဆိုထားပါတယ်။
မှတ်သားရမည့်အချက် အီရန်ပြည်သူများသည် ယခုနှစ် တွင် အကြမ်းဖက် အမေရိကန် နှင့် အကြမ်းဖက် အစ္စရေး တို့ ၏ တရားမဝင် ကျူးကျော် အကြမ်းဖက်တိုက်ခိုက်မှုများကို ရက်ပေါင်း ၂၀ ကျော်အကြာကြီး ခံတွေ့နေချိန်တွင် လည်း နော်ရူးဇ်ပွဲတော် ကို ဆက်လက် ကျင်းပနေကြခြင်း ဖြစ်ပါတယ်။ နော်ရူးဇ် ပွဲတော် တွင် အေမာမ် ဇမာန်း (အ.ဂျ) ၏ ကျန်းမာရေး ၊ အမြန် ပွင့်ပေါ်လာရေး နှင့်လက်ရှိ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ ၏ လုံခြုံ ရေး အတွက် ဒိုအာများ တောင်းခံခဲ့ ကြပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment