အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန် ရုပ်မြင်သံကြား ဌာန (IRIB)၏ အစီရင်ခံစာအရ ဟာဂျ်အလီ သည် လက်ဘနွန်ပြည်သူများနှင့် ကြံ့ကြံ့ ခံခုခံ ရေး တပ်ဖွဲ့ဝင်များကြားတွင် လူသိများသော မျက်နှာတစ်ခုဖြစ်ပြီး လက်ဘနွန်တောင်ပိုင်းတွင် ၃၄ နှစ်ကြာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ သတင်းမှန်များကို တင်ပြသည့် အတွက် အကြမ်းဖက် အစ္စရေးအစိုးရက ယခင်ကလည်း သူ့ကို အကြိမ်ကြိမ် သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့ဖူးပါတယ်။
ဟာဂျ်အလီ သည် အစ္စရေးအစိုးရကို ဆန့်ကျင်သော စိတ်ပိုင်းဆိုင်ရာ စစ်ပွဲတွင် အရေးပါသော အခန်းကဏ္ဍကို ထမ်းဆောင်ခဲ့ပြီး၊ အစ္စရေးအခြေချနေထိုင်သူများပင်လျှင် လက်ဘနွန်တောင်ပိုင်းမှ အမှန်တကယ် သတင်းများအတွက် အစ္စရေးအစိုးရမဟုတ်ဘဲ သူ့ကိုပင် ယုံကြည်အားထားကြသည်ဟု ဆိုကြပါတယ်။
ဟာဂျ်အလီ (ခ) အလီ ရှူအေ့ဗ် သည် လက်ဘနွန် နှင့် အစ္စရေးထိန်းချုပ်ထားသော ပါလက်စတိုင်းဒေသ နယ်စပ်တစ်လျှောက် အန္တရာယ်အရှိဆုံး ရှေ့တန်းဒေသတွင် ၃၄ နှစ်ကြာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သော ကြံ့ကြံ့ခံခုခံရေးအဖွဲ့ ၏ တစ်ဦးတည်းသော သတင်းထောက်ဖြစ်ပါတယ်။ ထို့အပြင် ဆီးရီးယားနှင့် အီရတ်တို့တွင် ဖြစ်ပွား ခဲ့သော သက္က်ဖီးရီ ဆန့်ကျင်သည့် တိုက်ပွဲများတွင်လည်း သူ ပါဝင်ခဲ့သူဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment