၈ ဧပြီ ၂၀၂၆ - ၂၃:၅၆

အေမာမ် ရေဇာ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် နမာဇ်ဇေ ဂျုမ်အဟ် ၏ အရေးကြီးမှု နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလလွတ်ရှ်ရှရာယေအ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الرضا علیه السلام:

... الجُمُعَةُ مَشْهَدٌ عامٌ فَاَرادَ اَنْ يَكونَ لِلاِمامِ سَبَبٌ اِلى مَوعِظَتِهِمْ وَتَرغيبِهِم فِى الطّاعَةِ وَ تَرهيبِهِم مِنَ الْمَعْصيَةِ وَ فِعْلِهِمْ وَ تَوفيقِهِمْ عَلى ما اَرادوا مِنْمَصْلَحَةِ دينِهِمْ وَ دُنْياهُم وَ يُخْبِرَهُمْ بِما وَرَدَ عَلَيْهِمْ مِنَ الآْفاتِ و مِنَ الاَحْوالِ الَّتى لَهُم فيهَا الْمَضَرَّةُ وَ المنفعة .

အေမာမ် ရေဇာ (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« ဂျုမ်အဟ် (သောကြာနေ့) သည် လူထုအား တစ်စုတစ်ဝေးတည်း ဖြစ်စေသည့် နေ့ ဖြစ်ပါသည်။ အကြောင်းမှာ အေမာမ် (ဂျူမ်အဟ် နမာဇ်ရှေ့ဆောင်ဆရာ) မှ စုဝေးလာသူများ ကို ဆုံးမစကား၊သတိပေးစကား မိန့်ကြား နိုင်ရန် ဖြစ်ပါသည်။ စုဝေသူများကို (အလ္လာဟ်၏ ) အမိန့်တော်(များ) အပေါ် လိုက်နာရန် တိုက်တွန်းနှိုးဆော်ရန် ဖြစ်ပါသည်။ ပြီးနောက်  အပြစ်(ဂိုနာဟ် များ) နှင့် ကျူးလွန်ခြင်းကို  ကြောက်ကြ စေရန် ဖြစ်ပါသည်။ ပြီးနောက် မိမိ သာသနာ နှင့် လောကီ ကိစ္စ တွင် မဆ်လဟသ်( ကျိုးကြောင့်ဆင်ခြင်မှုအရ) ရည်ရွယ်ထားသောအရာကို အောင်မြင် စေရန် ဖြစ်ပါသည်။ ပြီးနောက် ၎င်းတို့အပေါ် ကျရောက်နိုင်သည့် ဘေးဆိုး(များ) ၊ အမြတ်(များ) သို့မဟုတ် အရှုံး (များ) ပေါ်နိုင်သည့် အခြေအနေများကို သတိပြုမိပါစေ ဖြစ်ပါသည်။  »

ကျမ်းကိုး ။ ။ အလလွတ်ရှ်ရှရာယေအ် ကျမ်း ၊ အတွဲ ၁ ၊ စာမျက်နှာ ၂၆၅ ၊ ဟဒီးစ်တော် ၉

ရှင်းလင်းချက် အကျဥ်း   -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် ဂျုမ်အဟ် နမာဇ်များ တွင် ပါဝင် နိုင်အောင် အထူးကြိုးစားရမည် ဖြစ်ပါတယ်။ ဂျုမ်အဟ် ရှေ့ဆောင် ဆရာများ အနေဖြင့် လည်း အေမာမ် မိန့်ကြားထားသည့် အတိုင်း ဂျုမ်အဟ် နမာဇ် ဝတ်ပြုရန် တက်ရောက်လာသူများ အတွက် ဆုံးမစကား၊သတိပေးသည့်  များ အလ္လာဟ်၏ အမိန့်တော်များ အပေါ် လိုက်နာရန် တိုက်တွန်းနှိုးဆော်သည့်  အပြစ်(ခ) ဂိုနာဟ် များ နှင့် ကျူးလွန်ခြင်းကို  ကြောက်ကြ စေမည့် သာသနာ နှင့် လောကီ ကိစ္စ တွင် မဆ်လဟသ် (ခ) ကျိုးကြောင့်ဆင်ခြင်မှုအရ ရည်ရွယ်ထားသောအရာကို အောင်မြင် စေမည့်  ကျရောက်နိုင် သည့် ဘေးဆိုးများ ၊ အမြတ်များသို့မဟုတ် အရှုံး များ ဖြစ်ပေါ်နိုင်သည့် အခြေအနေများကို သတိပြုမိစေသည့် ခွသ်ဗဟ် နှစ်ခုမိန့်ကြားရမည် ဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha