၁၀ ဧပြီ ၂၀၂၆ - ၀၂:၂၈
ဟစ်ဘွလ္လာဟ် က အစ္စရေးရေတပ်သင်္ဘောကို ခရုဇ်ဒုံးကျည်ဖြင့် တိုက်ခိုက်

လက်ဘနွန်ကမ်းရိုးတန်းအနီးတွင် အစ္စရေးရေတပ်သင်္ဘောတစ်စင်းကို ခရုဇ်ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဟစ်ဘွလ္လာဟ် အဖွဲ့က ကြေညာခဲ့သည်ဟု ဒေသတွင်း သတင်းများတွင် ဖော်ပြထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟစ်ဘွလ္လာဟ် ၏ ပြောကြားချက်အရ အဆိုပါ အစ္စရေးရေတပ်စစ်သင်္ဘောသည် လက်ဘနွန်ကမ်းရိုးတန်းမှ ခန့်မှန်းအားဖြင့် ရေမိုင် ၆၈ မိုင်အကွာတွင် ရှိနေခဲ့ကြောင်း သိရသည်။ ထို့နောက် ဟစ်ဘွလ္လာဟ် အဖွဲ့ က သင်္ဘော ၏ လှုပ်ရှားမှုများကို နာရီပေါင်းများစွာ စောင့်ကြည့်လေ့လာပြီးနောက် ခရုဇ်ဒုံးကျည်များ ဖြင့် တိုက်ရိုက် တိုက်ခိုက် ခဲ့ကြောင်း အဖွဲ့ဘက်မှ ဆိုထားပါတယ်။

ဟစ်ဘွလ္လာဟ် ဘက်က ထုတ်ပြန်သည့် အချက်အလက်များအရ တိုက်ခိုက်မှု မပြုလုပ်မီကပင် သင်္ဘောတွင် မီးလောင်မှုတစ်ခု ဖြစ်ပွားနေခဲ့ကြောင်းလည်း ဆိုပါတယ်။ သို့သော် အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ အစ္စရေးဘက်မှ တရားဝင် အတည်ပြုချက် မထုတ်ပြန်သေးကြောင်း သိရပါတယ်။

လက်ရှိတွင် ထိခိုက်ပျက်စီးမှု အခြေအနေ၊ ထိခိုက်ဒဏ်ရာရရှိသူများ သို့မဟုတ် သေဆုံးသူများ ရှိမရှိကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သတင်းရင်းမြစ်များက ဖော်ပြထားပါတယ်။

ဒေသတွင်း တင်းမာမှုများ ဆက်လက်မြင့်တက်နေသောအချိန်တွင် ယင်းတိုက်ခိုက်မှုသတင်းသည် အရှေ့ အလယ်ပိုင်း ဒေသ၏ လုံခြုံရေးအခြေအနေအပေါ် အထူးစိုးရိမ်မှုများကို ထပ်မံဖြစ်ပေါ်စေနိုင်ကြောင်း လေ့လာ သူများက သုံးသပ်ထားကြပါတယ်။

အမှန်တကယ် အရှေ့ အလယ်ပိုင်း ဒေသ၏ လုံခြုံရေးအခြေအနေ မငြိမ်သက်အောင် ပြဿနာရှာနေသူမှာ အစ္စရေး ဖြစ်ကြောင်း သိထားရမည်ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha