အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ နှစ်ဖက်အကြား ဆက်လက်တင်းမာနေသော ထိပ်တိုက်ရင်ဆိုင်မှု သည် စစ်ရေးပဋိပက္ခတစ်ရပ် ပြန်လည်ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်ကြောင်း သတိပေးထားပါတယ်။
တစ်ချိန်တည်းမှာပင် ယီမင်နိုင်ငံရှိ ဟူသီ (ဟူစီ) မျိုးချစ် အဖွဲ့ကလည်း စစ်ရေးအခြေအနေများ ပိုမိုဆိုးရွားလာပြီး
ပဋိပက္ခသို့ ပြန်လည်ဝင်ရောက်လာရပါက ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးအတွက် အရေးပါသော ရေကြောင်း လမ်းကြောင်းတစ်ခုဖြစ်သည့် ဗါဗိုလ်မန်ဒန်ဗ် ရေလက်ကြား ကို ပိတ်ပစ်နိုင်ကြောင်း သတိပေးလိုက်ပါတယ်။
ဗါဗိုလ်မန်ဒန်ဗ် ရေလက်ကြား သည် အာဖရိက နှင့် အာရှအကြားတည်ရှိပြီး အာရှမှ ဥရောပသို့ သွားလာသော ကုန်တင်သင်္ဘောများအတွက် အရေးပါသည့် မဟာဗျူဟာမြောက် ရေကြောင်းလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။
ယခုအချိန်အထိ အီရန်နှင့် အမေရိကန် နှစ်ဖက်စလုံးက ဆွေးနွေးပွဲအသစ် ပြန်လည်စတင်ရန် အစီအစဉ်များကို တရားဝင် မကြေညာသေးကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment