အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Nournews သတင်းဌာန၏ အစီရင်ခံစာအရ လက်ဘနွန် အစ္စလာမ်မစ်ခုခံရေးတပ်ဖွဲ့ ဟစ်ဘွလ္လာဟ် သည် ယနေ့တွင် ကီရတ်ရှမိုနာ၊ မာဂလီယော့၊ အဗီဗင်၊ ရှလိုမီနှင့် ယာရွန်အပါအဝင် ဇီယွန်ဝါဒီအခြေချနေထိုင်ရာ ငါးခုကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။
ဟစ်ဘွလ္လာဟ် ၏ ကြေညာချက်တွင် အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
အစ္စရေးစစ်တပ်နှင့် သံချပ်ကာယာဉ်များ စုဝေးရာနေရာများကို ဒက်ဘ်(လ်)၊ ဘိတ်လိတ်ဖ်၊ အယ်လ်ဂေါ့ဇ် ၊ အယ်လ် ဗယာဒါ ၊ အင်န်အဘယ်လ် ရှိ အယ်လ်အခ်ဗါ ဒေသ နှင့် ဘင်န်ဂျဘီးလ် ဆင်ခြေဖုံး အပါအဝင် နယ်စပ် ဒေသ ၇ ခုတွင် ပစ်မှတ်ထားခဲ့ပါတယ်။
ဟစ်ဘွလ္လာဟ် က သိမ်းပိုက်ထားသော ဂိုလန်ရှိ အယ်လ်အကီကာ တပ်စခန်း၏ ဆက်သွယ်ရေးစခန်းကို ပစ်မှတ်ထား၍ ထောက်လှမ်းရေးဒရုန်းများဖြင့် အထူးစစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ပြီး ပစ်မှတ်ကို တိကျစွာ ထိမှန်ခဲ့ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment