၂၈ ဧပြီ ၂၀၂၆ - ၂၃:၄၆
ဂျက်ဒဟ်မြို့တွင်ကျင်းပသော ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီအစည်းအဝေး၊ ဒေသတွင်း နောက်ဆုံး အခြေ အနေဆွေးနွေး

ပါရှန်းပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီအဖွဲ့ဝင်နိုင်ငံများသည် ဂျက်ဒဟ် မြို့တွင် ကျင်းပသော အစည်းအဝေးအတွင်း အမေရိကန်နှင့် အီရန်အကြားစစ်ပွဲကြောင့် ဒေသတွင်းရင်ဆိုင်နေရသောအခြေအနေကို ဆွေးနွေးခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏သတင်းအရ ဆော်ဒီအိမ်ရှေ့မင်းသားနှင့် ဝန်ကြီးချုပ် မိုဟမ္မဒ်ဘင်န် စလ်မာန် တို့ ဦးဆောင် သော ပါရှန်းပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ၏ အတိုင်ပင်ခံ အစည်း အဝေး ကို ဆော်ဒီ အာရေဗျနိုင်ငံ၏ မြို့တော် ဂျက်ဒဟ် မြို့တွင် ကျင်းပခဲ့ပါတယ်။

အစည်းအဝေးတွင် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာနိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေများကို အသေး စိတ် ဆွေးနွေး ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းဆိုင်ရာ ရှုထောင့်အမျိုးမျိုး ကို ပြန် လည်သုံးသပ်ခဲ့ကြပါတယ်။

အမေရိကန်နှင့် အီရန်အကြား တင်းမာမှုများကို လျှော့ချရန်၊ အဆက်အသွယ်များပြန်လည်ထူထောင်ရန်နှင့် ဆွေးနွေးပွဲများကျင်းပရန် ပါကစ္စတန်၏ကြိုးပမ်းမှုများအပါအဝင် လက်ရှိသံတမန်ရေးကြိုးပမ်းမှုများကိုလည်း အစည်း အဝေးအတွင်း ဆွေးနွေးခဲ့ကြပါတယ်။

ဤကြိုးပမ်းမှုများ၏ ရည်ရွယ်ချက်မှာ ဒေသတွင်းတင်းမာမှုများကို လျှော့ချရန်နှင့် အခြေ အနေပိုမို ဆိုးရွား လာခြင်းမှ ကာကွယ်ရန်ဖြစ်သည်ဟု ဆိုပါတယ်။ ပါဝင်သူများသည် ကောင်စီအဖွဲ့ဝင်နိုင်ငံများအကြား ဘုံရပ် တည်ချက်တစ်ရပ်ကို လက်ခံကျင့်သုံးရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha