၁၄ မေ ၂၀၂၆ - ၁၇:၀၅
မိမိ တို့၏ ပြည်သူများအပေါ် ရန်လိုမှုကိုမရပ်တန့်ပါကဘာရိန်းအုပ်ချုပ်သူများသည် ဖြုတ်ချခံရလိမ့်မည် ဖြစ်ကြောင်း ရှိက်ခ် အဗ်ဒွလ္လာဟ် အလ်ဒ်ဒကာက်ပြောကြား

ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အီရန်နိုင်ငံရှိဘာရိန်းဘာသာရေးကျောင်း၏ဒါရိုက်တာ က နိုင်ငံတွင် လတ်တလော ဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်၍ အရေးကြီးသောအချက်များကို ပြောကြားခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်နိုင်ငံရှိဘာရိန်းဘာသာရေးကျောင်း၏ဒါရိုက်တာ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်ခ် အဗ်ဒွလ္လာဟ် အလ်ဒ်ဒကာက် သည် အာလေ့ခလီဖဟ် အစိုးရ၏ ဘာရိန်းနိုင်ငံသားများ အထူးသဖြင့် ပညာရှင်များ နှင့် တရားဟောဆရာများ အပေါ်  နှိပ်စက်ညှဉ်းပန်းမှု ၊ တရားစွဲဆိုမှုနှင့် နိုင်ငံသားဖြစ်ခွင့်ရုပ်သိမ်းမှုပုံစံများဖြင့် ပိုမို ပြင်းထန်လာပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ဝေဖန်သူများနှင့် ၎င်းတို့၏မိသားစုများကို စနစ်တကျနှောင့်ယှက်ခြင်းအပြင် တရားခံများကို တရားမျှ တသော တရားစီရင်ခြင်းမှ ဆုံးရှုံးစေခြင်းကို ရည်ညွှန်း၍ အီရန်နိုင်ငံရှိဘာရိန်းဘာသာရေးကျောင်း၏ဒါရိုက်တာ သည် လူ့အခွင့် အရေးအဖွဲ့အစည်းများအား ဤကိစ္စနှင့်ပတ်သက်၍ ပိုမိုတက်ကြွစွာဆောင်ရွက်ရန် တောင်းဆို ခဲ့ပါ တယ်။

ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်ခ် အဗ်ဒွလ္လာဟ် အလ်ဒ်ဒကာက် က လက်ရှိအခြေအနေသည် အုပ်ချုပ်သူအစိုးရ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာ အကျပ်အတည်း၏ နက်ရှိုင်းမှုကို ညွှန်ပြနေသည်ဟု ယူဆပြီး အာယာသွလ္လာဟ် ရှိက်ခ် အီစာ ကာစင်မ် အပေါ် မှားယွင်းသောစွပ်စွဲချက်များသည်လည်း လုံးဝမှားယွင်းကြောင်း  ထိုကဲ့သို့သော ဘာသာရေး နှင့် အမျိုးသားရေးပုဂ္ဂိုလ်များကို ပစ်မှတ်ထားခြင်းသည် ဘာရိန်းနိုင်ငံတွင် ကြံ့ကြံ့ခံ  ခုခံမှုကို တိုးမြင့်စေမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

ဘာရိန်းအစိုးရအား နိုင်ငံသားများအပေါ် ရန်လိုသောလုပ်ရပ်များကို ချက်ချင်းပြန်လည်စဉ်းစားခြင်းမပြုပါက နိုင်ငံသားအဖြစ်မှ ရပ်စဲ ခြင်း နှင့် ဖိအားပေးခြင်းမူဝါဒကို မစွန့်လွှတ်ပါက ဖြုတ်သွားရုံမှအပ အဆုံးမရှိဟု ရှိက်ခ် အဗ်ဒွလ္လာဟ် အလ်ဒ်ဒကာက် က သတိပေးပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ကျွန်ုပ်တို့နိုင်ငံနှင့် ဒေသတွင်းနိုင်ငံအချို့တွင် ဖြစ်ပျက်နေသောဖြစ်ရပ်များသည် ရှီအဟ် များ၏ယုံကြည်ချက်များနှင့် တည်ရှိမှုကို ထိခိုက်စေရန်အတွက် ဇီယွန်ဝါဒအစိုးရနှင့် ညှိနှိုင်းသူများ ၏ အေဂျင်စီတို့ ဦးဆောင်သော ပစ်မှတ်ထားစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ရှိက်ခ် အဗ်ဒွလ္လာဟ် အလ်ဒ်ဒကာက် က ထောက်ပြ ပြောကြားခဲ့ပါတယ်။

နိဂုံးချုပ်အားဖြင့် ရှိက်ခ် အဗ်ဒွလ္လာဟ် အလ်ဒ်ဒကာက် သည် မြင့်မြတ်သော အီရတ်နိုင်ငံ၏ ထောက်ခံမှုကို ကျေးဇူးတင်ရင်း နိုင်ငံတကာဖိုရမ်များ၊ အထူးသဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေးဖိုင်တွင် ဘာရိန်း အတိုက် အခံများ ၏ ရှိနေခြင်းကို ထိရောက်ပြီး အောင်မြင်မှု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha