၃၀ ဇွန် ၂၀၂၆ - ၂၃:၅၈
အစ္စရေးတပ်ဖွဲ့ကြောင့် ပါလက်စတိုင်းဂိုးသမားတစ်ဦး အသက်ဆုံးရှုံးခဲ့ရ၊ ယခုအချိန်အထိ ပါလက်စတိုင်း ကစား သမား ၁၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရ

သိမ်းပိုက်ထားသော အစ္စရေးစစ်တပ်သည် ပါလက်စတိုင်းကစားသမားတစ်ဦးဖြစ်သည့် Khan Yunis Service Club ဂိုးသမား စလင်းမ် ခဇ်ရ် ရိုရှ်အရှ်ကရ် ကို ပစ်သတ်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNAသတင်းဌာန၏အစီရင်ခံစာအရ အစ္စရေးစစ်သားများသည် ဂါဇာမြို့ ခန်းယူနွတ်စ် ၏ အရှေ့မြောက်ဘက်ရှိ အလ်ကရာရာ မြို့တွင် ပါလက်စတိုင်း ဂိုးသမား စလင်းမ်  ခဇ်ရ် ရိုရှ်အရှ်ကရ် ကို ပစ်သတ်ခဲ့ပါတယ်။  အသက် ၃၂ ​​နှစ်အရွယ် ကစားသမားသည် မိမိ ၏ဘောလုံးကစားသမားဘဝတွင် al-Aqsa နှင့် al-Masdar အားကစား ကလပ် များ ကို ကိုယ်စားပြုခဲ့သူဖြစ်ပါတယ်။

ဒေသခံသတင်းရင်းမြစ်များအရ စလင်းမ်  ခဇ်ရ် ရိုရှ်အရှ်ကရ် သည် လွန်ခဲ့သော ငါးလကမှ လက်ထပ်ခဲ့ပြီး ၎င်း၏ပထမဆုံးကလေးကို မျှော်လင့်နေကြောင်း သိရပါတယ်။ Al-Ashqar သည် ညီအစ်မခုနစ်ဦးတွင် တစ်ဦး တည်းသော အစ်ကိုဖြစ်ပါတယ်။

Wafa သတင်းဌာန၏ အဆိုအရ စလင်းမ်  ခဇ်ရ် ရိုရှ်အရှ်ကရ် ၏ အာဇာနည်နှင့်အတူ ၂၀၂၃ ခုနှစ် အောက်တိုဘာလ တွင် ဂါဇာအပေါ် အစ္စရေး၏ လူမျိုးတုံးသတ်ဖြတ်မှုစစ်ပွဲ စတင်ချိန်မှစ၍ အားကစားနှင့် ဆက်စပ်နေသော ပါလက်စတိုင်း အာဇာနည်အရေအတွက်မှာ ၁၀၀၉ ဦးအထိ ရောက်ရှိခဲ့ပြီး ၎င်းတို့အနက် ၅၆၇ ဦးမှာ ဘောလုံးအသင်းမှ ဖြစ်ကြာင်း သိရပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ အစ္စရေး၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများတွင် ပါလက်စတိုင်း လူမျိုး ၇၄၀၀၀ ကျော် အသက်စွန့်ခဲ့ရပြီး ၁၇၅၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး အများစုမှာ အမျိုးသမီးများနှင့် ကလေးများလည်း ပါဝင်ပါတယ်။ ထို့အပြင် အစ္စရေးသည် ဗုံးကြဲတိုက်ခိုက်မှုများဖြင့် ဂါဇာ၏ အရပ်သား စနစ်တစ်ခုလုံးကို ဖျက်ဆီးခဲ့ပါတယ်။

အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ပစ်မှတ်ထားခံရသူ ပါလက်စတိုင်းအများအပြားသည် နယ်ပယ်အသီးသီးမှ ဦးဆောင်ပုဂ္ဂိုလ်များဖြစ်ပြီး ၎င်းတို့ထဲမှ တစ်ခုမှာ အားကစားနယ်ပယ်ဖြစ်ပါတယ်။ အစ္စရေးစစ်တပ်သည် အားကစားအမျိုးမျိုးတွင် ပါဝင်ပတ်သက်သော အားကစားသမား ၁၀၀၀ ကျော်ကို အသက် စွန့်စေခဲ့ ပြီးဖြစ် ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha