အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Tasnimသတင်းဌာန၏ အစီရင်ခံစာအရ ဟဂျ် နှင့် ဇေယာရသ် အဖွဲ့အစည်း ဥက္ကဋ္ဌ အလီရေဇာ ရရှီဒီယန် က အရ်ဗအီးန် ဟိုစိုင်းန်နီ ခရီးအတွက် ဆန္ဒရှိသူများ၏ မှတ်ပုံတင်ခြင်း စတင်ပြီဟု ကြေညာခဲ့ပါတယ်။
သူက ပြောကြားရာတွင် “ဇွန်လ ၃၀ ရက်နေ့ မနက် ၉ နာရီမှ စ၍ ဇေယာရသ် သွားလိုသူများ၏ မှတ်ပုံတင်မှုကို ‘ဆမားဟ်’ စနစ်တွင် စတင်လက်ခံခဲ့ပြီး စတင်သည့် မိနစ်အနည်းငယ်အတွင်းပင် လူပေါင်း ၆,၀၀၀ ကျော် မှတ်ပုံတင်ခဲ့ကြသည်” ဟု ဆိုပါတယ်။
သူက အရ်ဗအီးန် ဇေယာရသ် သို့ သွားလိုသူများအား အမြန်ဆုံး မှတ်ပုံတင်ကြရန် ဖိတ်ခေါ်ပြီး “ဇေယာရသ် သွားသူများသည် စနစ်အတွင်း မိမိတို့၏ အချက်အလက်များကို ပြည့်စုံစွာ ဖြည့်သွင်းပြီး၊ ယခင်နှစ် အချက်အလက်များကို စနစ်တွင် ပြသထားသည့်အတိုင်း မိမိတို့၏ ခရီးသွားချိန်နှင့် ဝင်/ထွက် နယ်စပ်ကို ရွေးချယ်ရမည်ဖြစ်ကြောင်း ထိုသို့ ပြုလုပ်ခြင်းဖြင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ခရီးစဉ် စီမံခန့်ခွဲမှုကို ပိုမိုကောင်းမွန်စွာ ပြုလုပ်နိုင်မည် ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
ဟဂျ် နှင့် ဇေယာရသ် အဖွဲ့အစည်း ဥက္ကဋ္ဌက ထပ်မံပြောကြားရာတွင် “ဇေယာရသ် သွားသူများသည် ဖြစ်နိုင်သမျှ မိမိတို့၏ ခရီးအချိန်ကာလကို တိုတောင်းစေရန် ရွေးချယ်ကြပါက အားလုံးသော စိတ်ပါဝင်စားသူများ အဆင် ပြေစွာ အရ်ဗအီးန် ကို ဆောင်ရွက်နိုင်မည် ဖြစ်သည်” ဟု အကြံပြုခဲ့ပါတယ်။
ရရှီဒီယန်က “ဆမားဟ်” စနစ်တွင် ဆေးဘက်ဆိုင်ရာ အချက်အလက်များကို တိကျစွာ ဖြည့်သွင်းရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ပြီး “ဇေယာရသ် သွားသူများသည် မိမိတို့၏ ရောဂါ အခြေခံ အခြေအနေများ ကို မှန်ကန်စွာ ဖော်ပြရမည်။ အီရတ်နိုင်ငံအတွင်း ကြက်ခြေနီ (ဟီလာလ်အဟ်မား) အဖွဲ့က ပေးအပ်မည့် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများကို စနစ်တွင် မှတ်ပုံတင်ထားသည့် အချက် အလက်များအပေါ် အခြေခံ၍ စီစဉ်ထားခြင်း ဖြစ်သောကြောင့် ထိုအချက်သည် ဇေယာရသ် သွားသူများအား ပိုမိုသင့်လျော်သော ဝန်ဆောင်မှုများ ပေးနိုင်ရန် အထောက်အကူ ဖြစ်စေမည်” ဟု ဆိုပါတယ်။
ထို့အပြင် “ဆမားဟ်” မှတ်ပုံတင် စနစ်အတွင်း “အရ်ဗအီးန် အကူအညီပေးသူ (Hamyar Arbaeen)” လင့်းခ် ကိုလည်း အသက်ဝင်စေခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ သူက “ဇေယာရသ် သွားသူများအားလုံး မိမိတို့၏ စမတ်ဖုန်း များ တွင် ဤအက်ပ်ကို ထည့်သွင်းအသုံးပြုကြရန် တိုက်တွန်းပါတယ်။ ယင်းအက်ပ်သည် ခရီးနှင့် ပတ်သက်သည့် လိုအပ်သော သတင်းအချက်အလက်များကို ပေးသည့်အပြင် ဇေယာရသ် သွားသူများနှင့် အရ်ဗအင်းန် ဝန်ဆောင်မှုဌာနတို့အကြား ဆက်သွယ်မှုကို ဆက်လက် ထိန်းသိမ်းနိုင်စေပြီး ဝန်ဆောင်မှုများ၊ အသိပေးချက်များနှင့် ပံ့ပိုးကူညီမှုများကို ပိုမိုလွယ်ကူစွာ ရရှိစေမည်” ဟု ပြောကြားခဲ့ ပါ တယ်။
နောက်ဆုံးတွင် ဟဂျ် နှင့် ဇေယာရသ် အဖွဲ့အစည်း ဥက္ကဋ္ဌက “ဤစနစ်သည် ခရီးစဉ်အတွင်း ဇေယာရသ် သွားသူများအတွက် ဘာသာရေး ဆိုင်ရာ အကြောင်းအရာများ နှင့် လိုအပ်သော သတင်းအချက်အလက်များကို ပေးနိုင်သည့် အလားအလာကောင်းတစ်ခုလည်း ဖြစ်ကြောင်း ဤဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် အရ်ဗအီးန် ဇေယာရသ် သို့ သွားရောက်သူအားလုံးအတွက် လုံခြုံရေးရှိပြီး စနစ်တကျ၊ ကျန်းမာရေး ကောင်းမွန်စွာ နှင့် စိတ်ဓာတ်ရေးရာ အကျိုးကျေးဇူးများ ရရှိစေမည့် ခရီးစဉ် ဖြစ်လာမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment