အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘဂ္ဂဒက်မြို့မှ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာအသံလွှင့်ဌာန၏ အဆိုအရ တနင်္ဂနွေ နေ့နံနက်မှ စ၍ အီရတ်လုံခြုံရေးတပ်ဖွဲ့များသည် အစိမ်းရောင်ဇုန်သို့ ဝင်ပေါက်နှင့် ထွက်ပေါက်အားလုံးကို ပိတ်ဆို့ ခြင်း ဖြင့် လူသိများသော ရှီအဟ် နှင့် စွန်နီနိုင်ငံရေးးသမား အများအပြားကို ဖမ်းဆီးခဲ့သော်လည်း မည်သည့် အရာရှိ မျှ ဤလုပ်ဆောင်ချက်အတွက် အကြောင်းရင်းကို မကြေညာသေးကြောင်း သိရပါတယ်။
အစိုးရသတင်းဌာနများမဟုတ်သော သတင်းရင်းမြစ်များ နှင့် သတင်းအချက်အလက်များအရ အီရတ်ဝန်ကြီး ချုပ်ဟောင်း မိုဟမ္မဒ် ရှီယာအ် အယ်လ်ဆူဒါနီ နှင့် နီးစပ်သူအများအပြားကိုလည်း ဖမ်းဆီး ထိန်းသိမ်း ထားသူများထဲတွင် တွေ့ရှိ ရပါ တယ်။
သတင်း အချက်အလက်အပြည့်အစုံရှိသူများက ဤစစ်ဆင်ရေး၏ အဓိကရည်ရွယ်ချက်မှာ ကျယ်ပြန့်သော ငွေကြေး အဂတိလိုက်စားမှုအမှု၏ အတိုင်းအတာများကို စုံစမ်းစစ်ဆေးရန်ဖြစ်ကြောင်း ဖော်ပြခဲ့သော်လည်း ၎င်း ကို တရားဝင်အတည်မပြုရသေးပါ။

အစိုးရသတင်းဌာနများမဟုတ်သော သတင်းရင်းမြစ်များနှင့် သတင်းအချက်အလက်များအရ အရ ဖမ်းဆီးခံ ရသူများတွင် မုသနာ အယ်လ်ဆာမရာအီ
မိုဟမ္မဒ် အယ်လ်ကာရ်ဘူလီ
မိုဟမ္မဒ် အယ်လ်စီဟူးဒ်
အာလီယာ နာဆစ်ဖ်
အီဗရာဟင်းမ် အယ်လ်ဆမီဒိုင်
ဟဆန် အယ်လ်ခဖာဂျီ
ဆိုင်ဖ်ဖိုဒ်ဒီးန် ဆဗာဟ်
မဇ်ဟရ်အယ်လ်ကာရဝီ
မိုဟမ္မဒ် ဖရ်မာန်
ဘဟာ အွန်နူရီ
အလာ စကာရ် တို့ ပါဝင်ပါတယ်။
ဤစစ်ဆင်ရေး၏ အသေးစိတ်အချက်အလက်များ၊ ဖမ်းဆီးခံရသူများ၏ အမည်များ သို့မဟုတ် ၎င်းတို့၏ ဖြစ်နိုင် ခြေရှိသော စွဲချက်များနှင့်ပတ်သက်၍ အီရတ်တရားဝင်အဖွဲ့အစည်းမှ ကြေညာချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သတိပြုသင့်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment